ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 18,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်ကျောင်းများအတွက် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာရေး ကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။
Aug 18,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ပထမအကြိမ် ထုတ်ပြန်ကြေညာထားရာ မဲဆန္ဒရှင်စာရင်းကြေညာမှုတွင် မူလမဲစာရင်း ၃၉၉၈၉ ရှိပြီး ပြင်ဆင်ပြီး မဲစာရင်း ၃၇၉၆၀ ရှိကြောင်းသိရသည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေအမှတ်ဖြစ်သော ၁၃၂၅ စင်တီမီတာ အထက်သို့ တစ်လက်မခန့် ကျော်လွန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာအထိ မြင့်တက်ပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၄ စင်တီမီတာပဲလိုတော့ ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
Aug 18,2020
ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့်ပင်စင်ယူမည့် လက်ထောက် ညွှန်ကြားရေးမှူး ဦးဂိုဆွင်းခိုင်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 18,2020
ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ယနေ့နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ စည်ပင်သာရေးဈေးပိုင် အတွင်းရှိ အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်စုံဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးသည်။
Aug 18,2020
မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။