မင်းတပ် သြဂုတ် ၁၈
မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ ယမန်နေ့ နံနက်ပိုင်းတွင် စတင်တိုက်ကျွေးခြင်းဖြစ်ပြီး ကလေးငယ်များ ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည် ထက်မြက်စေရန်နှင့် ကလေးငယ်များကိုယ်ခန္ဒာဖွံ့ဖြိုးမှုအားကောင်းစေရန် ရည်ရွယ်၍ တိုက်ကျွေးခြင်း ဖြစ်ကြောင်း၊ အသက်ငါးနှစ်အောက် ကလေးငယ်များကို ခြောက်လတစ်ကြိမ် ဗီတာမင်အေနှင့် သန်ချဆေးပုံမှန်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ခွီရှိန်းမောင်း(ပြန်/ဆက်)