ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ် ရောက်ရှိရန် ၃၄ စင်တီမီတာသာလို

ခန္တီး သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၂၆ စင်တီမီတာ အထိ မြင့်တက်ပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၄ စင်တီမီတာပဲလိုတော့ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

ယမန်နေ့ ညနေ ၉ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၁၂၉၆ စင်တီမီတာရှိပြီး ယနေ့နံနက် ၆ နာရီခွဲတွင် ၁၃၂၆ စင်တီမီတာရှိသဖြင့် ၉ နာရီအတွင်း ၃၀ စင်တီမီတာ မြင့်တက်နေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ခန္တီးမြို့၌ မိုးအဆက်မပြက် ရွာသွန်းနေကြောင်း သိရသည်။

အမ်းအင်းလမ်း (ပြန် /ဆက်)