ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 19,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်းရှိ ဩဂုတ် (၁၇) ရက်နေ့ ညပိုင်းနှင့် (၁၈) ရက်နေ့ နံနက်ပိုင်းတွင် မိုးများရွာသွန်းမှုကြောင့် ချောင်းရေလျှံတက်လာသဖြင့် ကာမိုင်း-ဖားကန့်သွား ကားလမ်းပေါ်နှင့် မြစ်ကြီးနား-တနိုင်း သွား ကားလမ်းပေါ်သို့ ရေများကျော်တက်လျက်ရှိကြောင်း သိရသည်။
Aug 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့နှင့် (၉) မိုင်ခန့်အကွာ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်ပေါ်တက်ရာ လမ်းတွင် ယမန်နေ့နံနက် (၁၀) နာရီက တောင်မြေကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့သည်။
Aug 18,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သော (COVID-19 Economic Relief Plan) ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကျေးရွာသူ၊ ကျေးရွာသားများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဟရင်ပီး(က) ကျေးရွာသို့ ယနေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဆော်လမွန်နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 18,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကုစားရေး အစီအစဉ်အရ ကန်ပက်လက် မြို့နယ်တွင် cash for work စီမံကိန်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (DRD) ဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၁၀) ရွာ အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (WSAP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၇) ရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ (WSAP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် အောက်ကန့်ကျေးရွာအုပ်စု၌ ငါးအော်ကျင်းရွာမှ အောက်ကန့်ရွာ အရှည် (၁) မိုင်၊ အောက်ကန့်ရွာ​မှ ရှီနှော့ကျင်းရွာ အရှည် (၁) မိုင်၊ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းဖောက်လုပ်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Aug 18,2020
ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက စာရေးဆရာကျော်ဝင်း ရေးသားထားသည့် “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” စာအုပ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
Aug 18,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ကျေးလက်ကျန်းမာရေး ဌာနဆေးခန်း၌ ရေဇွာ မြို့ရပ်ကွက်(၄)ရပ်ကွက်ရှိ အသက်(၅)နှစ်အောက်ကလေးငယ် (၂၂၀)ဦးခန့်အား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့က စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Aug 18,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် လူငယ်များက အခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်းဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်၍ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီတို့က ဦးဆောင်၍ လူငယ်ရေးရာမူဝါဒ ရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ Thantlang Baptist Church Center (TBC) ၌ ကျင်းပသည်။
Aug 18,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါ ရုံးသစ်အဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။