ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ မောင်ကျေးဇူး၏ “ဘဝနေတတ်မှုအနုပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
Feb 23,2020
ရေဦးမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာအောင်ကျော်နိုင် ဦးဆောင်လျက် 2019 Novel Coronavirus Virus ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက လက်ပံကွက် ကျေးရွာ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
Feb 23,2020
ဒိန်းမတ်- မြန်မာလူ့အခွင့်အရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ Diamond Crown Hotel ၌ ပြုလုပ်ကျင်းပခဲ့သည်။
Feb 23,2020
ကျေးလက်ဒေသနေပြည်သူများ အသိပညာတိုးပွားရေးနှင့် လူမှုစီးပွားတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဌာနဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက်က မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တယ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့(Upper KMN) မှ ဦးဆောင်၍ ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) တွင်ကျင်းပခဲ့ကြောင်း သိရသည်။
Feb 23,2020
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး၏ လမ်းညွှန်မှုဖြင့် မီးသတ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
Feb 23,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အတွင်းရှိ (၁၀၁) လမ်းတွင် “ လူချစ်နတ်ချစ် ၁၀၁ “ နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 23,2020
"လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကုသိုလ်တော် လမ်း ၊၆၅လမ်းနှင့်၆ ၆လမ်းကြားရှိ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။