ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 23,2020
မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း၏ နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)Community Cenrre တွင် ကျင်းပရာ မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားသည်။
Feb 23,2020
ပန်းချီဆရာ အောင်မျိုးမြင့်(စစ်ကိုင်း) ၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက စစ်ကိုင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြသခဲ့သည်။
Feb 23,2020
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့အချုပ်(မန္တလေးတိုင်းဒေသကြီး)မှ ကြီးမှူးကျင်းပသော ကြက်-ငါး တွဲဖက် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့် ကောင်းများ ဆွေးနွေးပွဲကို မန္တလေးမြို့၊ ၅၉လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Perfect Hotel တွင် ယနေ့ မွန်းလွဲ ၁ နာရီ က ကျင်းပပြုလုပ်သည်။
Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တကောဝိဒ(နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်) ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် " ပရိယတ္တိဓမ္မာနုဂ္ဂဟ" စာမေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက အဆိုပါ ကျောင်းတိုက် အတွင်းကျင်းပခဲ့သည်။
Feb 23,2020
ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများ ၊ သတင်းမီဒီယာသမားများ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ Book Club အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့(မြတ်စေတနာ)အခမဲ့ဆေးခန်း၌ ဆေးလာရောက်ကုသသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်နိုင်ရေးရည်ရွယ်၍ မြို့နယ်ကုသ/ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက မြတ်စေတနာအခမဲ့ ဆေးခန်း၌ကျင်းပသည်။
Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်ဝင် ရောက်မှုသည် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန် ဘုရားဖူးလာရောက်မှု ပိုမိုများပြားကြောင်း အလောင်းတော်ကဿပဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်း ၏ ပြောကြားချက်အရ သိရသည်။
Feb 23,2020
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့အနေဖြင့် ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် စင်ထိုးခြင်းများနှင့် ကျုံးအနောက်ဘက်ခြမ်းရှိ ရေကစားမဏ္ဍပ်ကြီးများကို ပေ၁ ၅၀ ထက်ပို၍ ဆောက်ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း မန္တလေးမြို့တော် စည်သာယာရေးကော်မတီမှ သိရသည်။