ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 23,2020
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၀ ရက် မှ ၂၀ ရက်အထိ ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုအရ ဆယ်စုနှစ်(၂)ခု အတွင်း အများဆုံးတွေ့ရှိမှုအဖြစ် ၇၉ ကောင် တွေ့ရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သိရသည်။
Feb 23,2020
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် ၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း သိရပြီး ဖြေဆိုရန်လျှောက်ထားသည့် ကျောင်းသားကျောင်းသူများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာစာစစ်ဌာန ကျောင်းများတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
Feb 23,2020
မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း၏ နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)Community Cenrre တွင် ကျင်းပရာ မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားသည်။
Feb 23,2020
ပန်းချီဆရာ အောင်မျိုးမြင့်(စစ်ကိုင်း) ၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက စစ်ကိုင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြသခဲ့သည်။
Feb 23,2020
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့အချုပ်(မန္တလေးတိုင်းဒေသကြီး)မှ ကြီးမှူးကျင်းပသော ကြက်-ငါး တွဲဖက် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့် ကောင်းများ ဆွေးနွေးပွဲကို မန္တလေးမြို့၊ ၅၉လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Perfect Hotel တွင် ယနေ့ မွန်းလွဲ ၁ နာရီ က ကျင်းပပြုလုပ်သည်။
Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တကောဝိဒ(နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်) ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် " ပရိယတ္တိဓမ္မာနုဂ္ဂဟ" စာမေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက အဆိုပါ ကျောင်းတိုက် အတွင်းကျင်းပခဲ့သည်။
Feb 23,2020
ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများ ၊ သတင်းမီဒီယာသမားများ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ Book Club အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့(မြတ်စေတနာ)အခမဲ့ဆေးခန်း၌ ဆေးလာရောက်ကုသသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်နိုင်ရေးရည်ရွယ်၍ မြို့နယ်ကုသ/ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက မြတ်စေတနာအခမဲ့ ဆေးခန်း၌ကျင်းပသည်။