ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 04,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Nov 03,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲများကို ကော်မရှင်ရုံးများတွင် လာရောက်ထည့်ရန် အခက်အခဲရှိသည့် အသက်(၆၀)နှစ်နှင့် အထက်ရှိသည့် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာလ ၂ ရက်၊ နံနက် ၉ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် များရှိ မဲဆန္ဒရှင်များထံသွားရောက်၍ ကြိုတင်ဆန္ဒမဲများ ထည့်နိုင်ရန်အတွက် ကွင်းဆင်း ကောက်ခံ ဆောင်ရွက်လျက်ရှိသည်။
Nov 03,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကာလ အောက်တိုဘာလ (၂၉) ရက်နေ့မှ စတင်၍ အသက်(၆၀)နှစ် အထက်ရှိသူများနှင့် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် ကြိုတင်ဆန္ဒမဲကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများသို့ သွားရောက်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရှိရသည်။
Nov 03,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖွဲ့ဝင် သင်တန်းကို ယနေ့နံနက် ၉ နာရီခန့်က ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပသည်။
Nov 03,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နောင်းမီကျေးရွာ၌ ယနေ့နံနက် (၁၀) နာရီခွဲတွင် ဆိုလာပြားနှင့် ဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး လူနေအိမ်အပေါ်ထပ် တစ်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Nov 03,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌တာ၀န်ထမ်းဆောင်ကြမည့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
Nov 03,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ သီခွန်သုမ်အုပ်စု၊ သတလန်ကျေးရွာတွင် ယမန်နေ့ ညနေ အချိန်တွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် လဗာချောင်းရေကြီးကာ တောင်ကမ်းပါးပြိုကျပြီး စပါးစိုက်လယ် ၂ ဧက ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
Nov 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င်နှင့် တာ၀န်ရှိသူများက ယမန် နေ့ ညနေပိုင််းက ရွာသစ်မြို့ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကြိုတင် ဆန္ဒမဲပေး လုပ်ငန်းစဉ်များနှင့် မဲရုံ အသုံးပြုမည့် နေရာ၊ အဆောက်အဦ နေရာများသို့ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။