Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေး
Nov 04,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၁ နာရီခွဲက ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့၌ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်းတစ်ဦး အသတ်ခံရ
Nov 04,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းတစ်ဦးအား နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ခေါင်းဖြတ်သတ်ခံရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတီး-တနိုင်း-ရှင်ဗွေယန်လမ်းပိုင်းရှိ တဝမ်ချောင်း ချဉ်းကပ်လမ်းနှင့်တံတား အသစ်ဖောက်လုပ်ပြီးစီး၍ သွားလာနိုင်ပြီ
Nov 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် နမ္မတီး - တနိုင်း - ရှင်ဗွေယန်လမ်းပိုင်းရှိ တဝမ်ချောင်းချဉ်းကပ်လမ်းနှင့် တံတားအသစ်အား ဖောက်လုပ်ပြီးစီးပြီဖြစ်၍ အဆိုပါ လမ်းနှင့်တံတား အသစ်တွင် ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၄) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေး
Nov 04,2020
မင်တပ်မြို့နယ်အတွင်းရှိ မဲရုံ (၁၁၆) ရုံအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှပေးပို့လှူဒါန်းသော ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ခွဲဝေထုတ်ပေးခြင်းကို ယနေ ့နံနက် (၉) နာရီအချိန်တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံများပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်
Nov 04,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတာဝန်ကျရာ နယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မဲရုံများ ပြင်ဆင်ထားရှိမှု တို့အား ကွင်းဆင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့နယ်ရှိ သဘာဝဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲကျင်းပ
Nov 04,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေ၌ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြစ်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်အတွင်းစီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း စံပြကွက် ရိတ်သိမ်း
Nov 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ရွှေရင်အေး စပါးအား စိုက်ပျိုးရေး ဦးစီး ဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
104
Page
105
Page
106
Page
107
Current page
108
Page
109
Page
110
Page
111
Page
112
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department