ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့အဆင့်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် ဌာန ဆိုင်ရာများက ယမန်နေ့ နံနက်(၁၁)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရခိုင် ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၆) အုပ်စုရှိ မဲရုံ (၈၁) ရုံ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ယနေ့နံနက် ၆ နာရီက စတင်ဖွင့်လှစ်ကြေညာခဲ့ကြောင်း သိရသည်။
Nov 08,2020
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ယနေ့နံနက် ၆ နာရီတွင် တီးတိန်မြို့နယ်အတွင်းရှိ မဲရုံ (၁၄၀) ရုံ၌ ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်၍ ဆန္ဒမဲပေးကြသည်။
Nov 06,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် မဲရုံတာဝန်ကျဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ စီစဉ်သည့်နေရာများ၌ ကြိုတင်မဲများပေးလျက်ရှိရာ နိုဝင်ဘာ ၆ ရက်နေ့အထိ ကြိုတင်မဲပေးပြီးသူ စုစုပေါင်း(၅၀၂)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။
Nov 06,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲလာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက် ကောက်ခံခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 06,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးကြ မည့် ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲ ကော်မရှင်များ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရေဇွာမြို့ ကျန်းမာရေး ဆရာ၊မများက သက်ဆိုင်ရာမဲရုံအလိုက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 06,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အတွင်း Facility Quarantine ဝင်ရောက်နေသူအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေ စီအထွေထွေ ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ကြိုတင်ဆန္ဒမဲ သွားရောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။