Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား အာဟာရမှုန့်များထောက်ပံ့
Nov 06,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအား အာဟာရမှုန့် ထောက်ပံ့ ပေးခြင်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့ နားခါရပ်ကွက်ရှိ မဲပေးပိုင်ခွင့်ရှိသူများအား မဲဆန္ဒရှင်သက်သေခံကတ်ပြားများ အိမ်တိုင် ရာရောက် လိုက်လံဖြန့်ဝေ
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နေ့တွင် မဲပေးပိုင်ခွင့်ရှိသူများ စနစ်တကျမဲပေးနိုင်ရေးနှင့် မဲပေပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရနိုင်ရေးအတွက် နားခါရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများအား အိမ်တိုင်ရာရောက် သွားရောက်၍ မဲဆန္ဒရှင်သက်သေခံ ကတ်ပြားများ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအွန်းခန့်ကပ် တီးတိန်၌ ရွေးကောက်ပွဲမဲရုံများ ကြိုတင်ပြင်ဆင်မှု ကြည့်ရှုစစ်ဆေး
Nov 06,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများ ကြိုတင်ပြင်ဆင်မှုများကို ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအွန်းခန့်ကပ်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ယနေ့နံနက် ၈ နာရီတွင် ကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးသူ (၁၁၅၀) ဦး ရှိပြီဖြစ်
Nov 06,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ချီဖွေမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ နိုဝင်ဘာလ (၅) ရက်နေ့အထိ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ (၁၁၅၀) ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာမြို့ရှိ မဲရုံ (၃) ရုံတွင် သတင်းသမားများနှင့် မဲဆွယ်စည်းရုံးသူများအတွက် သတ်မှတ်နယ်မြေများ စိုက်ထူ
Nov 06,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရေဇွာမြို့တွင် မဲရုံ(၃)ရုံ ဖွင့်လှစ်ဆောင်ရွက်ထားပြီး အဆိုပါမဲရုံ (၃) ရုံ၌ ယနေ့နံနက်ပိုင်းက စတင်ပြီး သတင်းမီဒီယာများ၊ မဲဆွယ်စည်းရုံးသူများအတွက် ကန့်သတ် နယ်မြေများ သိသာထင်ရှားစေရန် ပေကြိုးများတိုင်းတာပြီး သတ်မှတ်နယ်မြေများ စိုက်ထူ ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး၌ ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေး ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Nov 06,2020
ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း မော်တော်ယာဉ်စီးနင်းသူများ ပိုမိုများပြားလာသည့်အတွက် ယာဉ်တိုက်မှု လျော့နည်း ပပျောက်စေရေးရည်ရွယ်၍ ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းနှင့် နှာခေါင်းစည်းMask များ အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများကို ယနေ့ နံနက် ၉နာရီအချိန်တွင် ဟားခါးမြို့ လမ်းဆုံနေရာများတွင် အမှတ်(၁၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်၌ သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး
Nov 06,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်း ပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး များသို့ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့ရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်
Nov 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ မီးသတ်တပ်ဖွဲ့ရှိ တာဝန်ရှိသူများက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာလ(၈)ရက်နေ့တွင် အသုံးပြုမည့်မဲရုံများသို့ မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်(၃)ရပ်ကွက် အတွင်းရှိ မဲရုံများနှင့်ကျေးရွာများရှိမဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
99
Page
100
Page
101
Page
102
Current page
103
Page
104
Page
105
Page
106
Page
107
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department