နာဂဒေသ ထန်ပါခွေမြို့တွင် နံနက် ၆ နာရီအချိန်မှစတင်ကာ မဲရုံဖွင့်လှစ်ပြီး မဲဆန္ဒရှင်များ စနစ်တကျ ဆန္ဒမဲပေး

ထန်ပါခွေ        နိုဝင်ဘာ      ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ မဲရုံဖွင့်လှစ်ပြီး မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့ကာ ဆန္ဒမဲများပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲပေးရာ၌ ကျန်းမာရေးဝန်ထမ်းများ၊ မဲရုံတာဝန်ကျဝန်ထမ်းများက တာဝန်ရှိသူများက မဲဆန္ဒရှင် တစ်ဦးချင်းစီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Hand Gel များဖြင့် လက်ဆေးခိုင်းခြင်း၊ တစ်ဦးချင်းစီအလိုက် အလှည့်ကျ ဆန္ဒမဲများပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထန်ပါခွေမြို့နယ်(ခွဲ)တွင် မဲရုံ(၁၄)ရုံရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၃၃၉၁)ဦးရှိပြီး  မြို့ပါ်ရပ်ကွက် မဲရုံတွင် ကြိုတင်မဲပေးပြီးသူ (၈၁)ဦးရှိကြောင်းသိရသည်။ ထန်ပါခွေ မြို့ပေါ်ရပ်ကွက်တွင် ဆန္ဒမဲပေးရန်ကျန်ရှိသည့် မဲဆန္ဒရှင်ပြည်သူ (၄၉၂)ဦး ယနေ့တွင် ဆန္ဒမဲများဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)