Skip to main content

ပြည်တွင်းစားရေရိက္ခာဖူလုံရေးကြိုးပမ်း နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးမြှင့်တင်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်။ ရေခံမြေခံကောင်းများနှင့် သဘာဝသယံဇာတများပေါများကြွယ်ဝသည်။ စပါး၊ ပဲ၊ ပြောင်းစသည့်စားသုံးသီးနှံများ အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးနိုင်သည့်အပြင် ဝါ၊ ဝါး၊ လျှော်၊ ရော်ဘာ စသည့်စက်မှုကုန်ကြမ်းသီးနှံပင်များလည်း နိုင်ငံအနှံ့အပြား၌စိုက်ပျိုးထွက်ရှိသောကြောင့် အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုလျှင် တိုင်းပြည်တွင်စားရေရိက္ခာဖူလုံပိုလျှံပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာမည်မှာ အမှန်ဧကန်ဖြစ်သည်။

ကြေးစားအကြမ်းဖက်သောင်းကျန်းသူပြည်သူအားလုံး ဆန့်ကျင်ကန့်ကွက်

​​​​​​​အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှာ ၂၀၂၁-၂၀၂၂ခုနှစ် အကူးအပြောင်းကာလတွင် ကမ္ဘောဒီးယားနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ဥပဒေပြင်ပရာဇဝတ်ဂိုဏ်းများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသို့တရားဝင်ရောက်ရှိလာခဲ့ခြင်းမဟုတ်သလို တရားဝင်ရပ်တည်နေခဲ့ကြခြင်းလည်းမဟုတ်။ နယ်စပ်မျဉ်းများအနီးတွင်ရှိနေသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများနှင့်သဘောတူညီမှု ရယူလုပ်ကိုင်ခဲ့ကြခြင်း၊ အကျိုးတူပူးပေါင်းခဲ့ကြခြင်းမျိုးဖြစ်သည်။
Subscribe to အယ်ဒီတာ့အာဘော်(40)