လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုတည်ဆောက်ခြင်း
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသည် အလုပ်သမားများအတွက် လည်းကောင်း၊ လုပ်ငန်းများအတွက်လည်းကောင်း၊ နိုင်ငံအတွက်လည်းကောင်း အလွန်အရေးကြီးသဖြင့် နိုင်ငံတိုင်းတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်ခြင်း၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ချမှတ်၍ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာယဉ်ကျေးမှု (Occupational Safety and Health Culture) တည်ဆောက်ခြင်း လုပ်ငန်းကိုပါ နိုင်ငံများတွင် ချမှတ်ဆောင်ရွက်လာခဲ့ကြပါသည်။