ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းနှင့် စပ်လျဉ်း၍ ပြစ်မှုကြောင်းအရဖြစ်စေ၊တရားမကြောင်းအရဖြစ်စေ အရေးယူဆောင်ရွက်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၂၃)အရ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စတင်အာဏာတည်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးစီရင်ရန် သက်ဆိုင်ရတရားရုံးများသို့ မူပိုင်ခွင့်တရားရုံးများ၏ ရာဇဝတ်နှင့် တရားမဆိုင်ရာ မူလမှု စီရင်ပိုင်ခွင့်အာဏာများနှင့် အယူခံမှု၊ ပြင်ဆင်မှု စီရင်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၄-၃-၂၀၂၃ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာများထုတ်ပြန်၍ အပ်နှင်းခဲ့ပြီးဖြစ်သည်။