လွတ်လပ်ရေးဆိုတဲ့ ဘိုးဘွားအမွေစစ်ကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ ပညာရေး
ပညာရေးမှာ ‘မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်း ကို ဖော်ဆောင်တဲ့ပညာရေး’ (Decade of Educat- ion for sustainable development၊ DESD) ရဲ့ ဆယ်စုနှစ်လို့ သတ်မှတ်ခဲ့တာရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိပါ။ အဲဒီနောက်မှာလည်း ‘မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်း’ (sustainable development) နဲ့ ဆိုင်ရာပညာရေးကို ယနေ့ထိတိုင် ဆက်လက်အကောင်အထည်ဖော်ခဲ့ကြပါတယ်။