အာဆီယံ မီဒီယာ မိတ်ဖက်များ ဖိုရမ် အမှတ်တရ
၂၀၂၂ ခုနှစ် သြဂုတ်လကုန်ပိုင်း နေ့ရက်တစ်ရက်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ အခြေစိုက်တဲ့ နိုင်ငံပိုင် မီဒီယာကြီး တစ်ခုဖြစ်တဲ့ China Media Group မှ တာဝန်ရှိသူ တစ်ဦးက မကြာမီ တရုတ်နိုင်ငံ ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာ ကျင်းပမယ့် The 2022 ASEAN Media Partners Forum ကို တက်ရောက်ဖို့ အွန်လိုင်းမှ ကြိုတင် ဖိတ်ကြားတာနဲ့အတူ စာရေးသူထံ ဖိတ်စာ ရောက်ရှိလာ ပါတယ်။ ဖိတ်စာအရ အဆိုပါဖိုရမ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။