မလိုအပ်ဘဲ ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းမထိုးသင့်
ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်လာချိန်တွင် ပြည်သူများက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စိတ်အားထက်သန်လာကြသည်။ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူများကလည်း ဗီဇမျိုးပြောင်း အန္တရာယ်ကိုကြောက်၍ နောက်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံရန် သင့်၊ မသင့် ဝိရောဓိဖြစ်နေကြသည်။ တချို့ကလည်း မိမိသဘောဖြင့် နောက်ထပ်တစ်ကြိမ် ထိုးနှံနေကြသူများလည်း တွေ့ရသည်။ သို့ပါ၍ အပိုဆောင်းကာကွယ်ဆေး ထိုးသင့်၊ မထိုးသင့် ကွဲကွဲပြားပြား ရေးသားဖော်ပြပေးလိုပါသည်။