ပညာပြည့်ဝ နှလုံးသားလှနိုင်ကြစေ တို့လူငယ်တွေ
အောက်တိုဘာ ၅ ရက်နေ့က ကမ္ဘာ့ဆရာများနေ့ဆိုတော့ ဆရာ ဆရာမတွေနဲ့ ဆက်စပ်ပြီး စိတ်ထဲစွဲမြဲအမှတ်ရစရာတစ်ခုက ခေါင်းထဲ ပေါ်လာပါတယ်။ မှတ်မှတ်ရရဆိုရရင် ၇ တန်းနှစ်ကပါ။ သမိုင်းသင်တဲ့ ဆရာက ဖြစ်ရပ်တစ်ခု၊ ရာဇဝင်တစ်ခုကို ပုံပြင်တစ်ပုဒ်လို တစ်ထိုင်တည်း အလွတ်ရအောင် သင်နိုင်သူပါ။ အသင်အပြကောင်းသလို အရိုက်လည်း ကြမ်းလို့ ကျောင်းသူ ကျောင်းသားတွေက ကြောက်ကြပါတယ်။