Skip to main content

တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူအသံ နားထောင်ပေး

လူကုန်ကူးခြင်းသည် ခေတ်သစ်ကျေးကျွန်ပြုခြင်းပင်ဖြစ်သည်။ လူကုန်ကူးခံရသူသည် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းများကို ခါးစည်းခံရလေ့ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များသည် အများဆုံးလူကုန်ကူးခံရလေ့ရှိသည်။ အမျိုးသမီးများသည် လိင်ကျေးကျွန်အဖြစ် ရောင်းချခံကြရပြီး ကလေးငယ်များသည် လိင်အကြမ်းဖက်မှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုခံကြရသည်။ လူကုန်ကူးခံရသူများသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ထုတ်ယူခံရသည့် အသက်အန္တရာယ်နှင့်လည်း ကြုံတွေ့ရတတ်ပါသည်။ လက်ရှိအချိန်တွင် လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုပြီးလျှင် တတိယမြောက်အများဆုံး ရာဇဝတ်မှုပင်ဖြစ်သည်။ နှစ်စဉ် လူကုန်ကူးခံရသူ သန်း ၂၀ ခန့်ရှိပြီး ထိုလုပ်ငန်းမှတရားမဝင် အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၄၀ဘီလီယံခန့်ရရှိနေသည်ဟုဆိုသည်။ ထို့ကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရာတွင် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။
Subscribe to တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူအသံ နားထောင်ပေး