Skip to main content

အရက်ကို ရှောင်ကြဉ်ခြင်းဖြင့်

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတာ တစ်နှစ်ပင်ကျော်လာပြီး တတိယလှိုင်း ဝင်လာပါပြီ။ တချို့သောဒေသတွေမှာဆိုရင် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိပြီး အသေအပျောက်လည်း ရှိနေပါတယ်။ ကမ္ဘာ့လူသားတွေဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကဏ္ဍ ပေါင်းစုံမှာ အခက်အခဲတွေ့နေကြရပါတယ်။ နေ့စဉ် စားသောက်နေထိုင်ရေးအတွက် နေထိုင်မှုပုံစံသစ်နဲ့ ချဉ်းကပ်နေကြရပါတယ်။ နေအိမ် ထဲမှာပဲ နေရတဲ့အချိန် များလာတဲ့အခါသင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းနိုင်စွမ်းမရှိတဲ့သူတွေဟာ မွန်းကျပ်တယ်လို့ ခံစားလာကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို အခက်အခဲကာလကို အခွင့်အလမ်းအဖြစ် အသုံးချသူတွေရှိသလို အခက်အခဲကို လက်မြှောက် အရှုံးပေး လိုသူတွေလည်း ရှိကြပါတယ်။ ကိုဗစ်-၁၉ ကာလမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကနေ သင်ခန်းစာဖော်ထုတ်နေသူတွေရှိသလို ညည်းတွား နေသူတွေလည်း ရှိကြပါတယ်။
Subscribe to အရက်