သက်ရှည်ကျန်းမာဖို့ E- စီးကရက်ကို ရှောင်ကြဉ်ကြပါစို့
လက်ရှိအချိန်တွင် (Electronic Cigarette) E- စီးကရက်သည် လူငယ် များကြားတွင် ရေပန်းစားလာလျက် ရှိသည်။ အနည်းငယ် ရှူရှိုက်လိုက်ရုံ မျှဖြင့် မီးခိုးငွေ့များစွာထွက်သဖြင့် လူငယ်များသည် E- စီးကရက်ကို ပိုမို သောက်လာကြသည်။ တချို့သော လူငယ်များကမူ E- စီးကရက်ကို အစမ်း သဘောမျိုး သောက်လာကြသည်။ သို့သော် ထို E- စီးကရက်ကို မည်သည့် ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသည် ကို မည်သူမျှမသိကြပေ။ စွဲလမ်းမှုဖြစ် စေသည့် နီကိုတင်းဓာတ်ပါနေသည် ဆိုသောအချက်ကို မည်သူမျှမငြင်းဆန် နိုင်ချေ။ ဆေးလိပ်ထက်ပင် ကြောက် မက်ဖွယ်ရာကောင်းလှပြီး ကင်ဆာဖြစ် နိုင်ခြေလည်း များစွာပိုမိုလျက်ရှိသည် ဟု ဆေးဘက်ဆိုင်ရာ ပညာရှင်များက ထောက်ပြထားသည်။