Skip to main content

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့

အောက်တိုဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့ အဖြစ်သတ်မှတ်ပြီး ၁၉၈၁ ခုနှစ်မှ စတင်၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့တာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်မှာဆိုရင် အကြိမ် (၄၀) ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကမ္ဘာတစ်ဝန်းလုံး ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် စုစုရုံးရုံး၊ စည်စည်ကားကား ကျင်းပနေကျပုံစံအစား ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်သာ ကျင်းပနိုင်ကြမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း နိုင်ငံအသီးသီးမှာ ကျင်းပနိုင်ဖို့ ဦးဆောင်စည်းရုံးဆောင် ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းကတော့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations - FAO) ပဲဖြစ်ပါတယ်။ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က အိမ်ရှင်နိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အသင်းအဖွဲ့၊ အဖွဲ့အစည်းများ နဲ့ ပူးပေါင်းပြီး စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။
Subscribe to ကမ္ဘာ့စားနပ်ရိက္ခာနေ့