ဘေးအန္တရာယ်ကျရောက်မှုနှင့် အရေးပေါ်အခြေအနေများအတွက် ပြည်သူ့ကျန်းမာရေး
အရေးပေါ်အခြေအနေများနှင့် ကြီးမားကျယ်ပြန့်သော သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာရ၏။ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ ထိခိုက်ပျက်စီးကြရ၏။ မှတ်တမ်းများအရ လွန်ခဲ့သည့်ဆယ်စုနှစ်က ကြီးမားသော သဘာဝဘေးကျရောက်မှု ၄၀၀၀ ကျော်ဖြစ်ပွားခဲ့ရာ လူဦးရေ ၁ ဒသမ ၁ သန်းကျော် အသက်ဆုံးရှုံးခဲ့ရ၏။ လူဦးရေသန်းပေါင်း ၂၂၀ ကျော်မှာလည်း နှစ်စဉ် ဘေးဒုက္ခနှင့် ကြုံတွေ့နေရ၏။ လူဦးရေ ၁ ဒသမ ၅ ဘီလီယံတို့သည် စစ်မက်ဖြစ်ပွားမှုများ၊ ကြီးမားကျယ်ပြန့်သော အကြမ်းဖက်မှုများကြောင့် ထိလွယ် ရှလွယ်သည့် နိုင်ငံများအတွင်း နေထိုင်လျက်ရှိကြသည်။