ကိုဗစ်-၁၉ ကပ်ရောဂါ ခံစားနေကြရသည့် မြန်မာနိုင်ငံမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုရှိ ပြည်သူ(၆၀၂၇၂)ဦးအတွက် APTERR Tier-3 အစီအစဉ်အရ ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် (၆၀၀)တန်အား လှူဒါန်းပေးအပ်ကြောင်း သိရှိရသည်။
နောင်ယားဆိုင်း- ဆိုက်ခေါင်- ပွန် ချောင်း- မောက်မယ်လမ်းပေါ်ရှိ တံတားအမှတ်(၉/၄၅) ပွန်ချောင်းတံတား ဖွင့်လှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင်နယ်စပ်ရှိ တံတားဦးစီးဌာနမှ ဆောင်ရွက်သည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန် ချောင်း-မောက်မယ်လမ်းပေါ်ရှိ တံတားအမှတ်(၉/၄၅)ပွန်ချောင်းတံတား ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင် နယ်စပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
