Skip to main content

သတင်းအသိ သတိရှိကြပါစို့

ယနေ့ကမ္ဘာကြီးတွင် အင်တာနက်နှင့် စမတ်ဖုန်းနည်းပညာ များကြောင့် သတင်းအချက်အလက်ရယူမှု ရေစီးကြောင်း ပြောင်းလာသည့်အတွက် မီဒီယာ ရယူမှုပုံစံလည်း ပြောင်းလဲလာကာ ဆိုရှယ်မီဒီယာအသုံးပြုမှု မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် သတင်းအချက် အလက်များစွာ အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် လူမှု ကွန်ရက်မီဒီယာတွင် မှန်ကန်၊ ခိုင်လုံသည့် သတင်းများ အပြင် သတင်းတုဟုခေါ်ဝေါ် ကြသည့် လုပ်ကြံသတင်း များစွာလည်း ရောထွေးပျံ့နှံ့လျက်ရှိနေသည်။ လက်ရှိ ကာလတွင် ပြည်သူများအကြား စိတ်ဝင်စားမှုနှင့် သိလို စိတ်မြင့်မားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်စည်ပင်မဖြစ်သည့် ရွေးကောက်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် အကြောင်းအရာ များကို ဦးတည်ပစ်မှတ်ထားသည့် လုပ်ကြံသတင်းများကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖန်တီးဖြန့်ဝေနေကြကြောင်း တွေ့မြင်နေကြ ရသည်။

လေးစားအတုယူသင့်သော ပင်တိုင်ဆောင်းပါးရှင်ကြီးများ

စာတည်းများနှင့်တွေ့ဆုံခြင်း
တစ်နေ့က စာတည်းများ၊ သတင်းထောက်များနှင့် တွေ့ဆုံကြသည်။ သတင်းမီဒီယာ မွမ်းမံသင်တန်း ဖြစ်ပါ သည်။ ကျောင်းဆရာနှင့် တပည့် စာသင်ခန်းမှာ ပညာသင်ကြားသည့်ပုံစံ မဟုတ်ပါ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ချင်တာ ဆွေးနွေးကြပါ။ သတင်းမီဒီယာ ဥပဒေအကြောင်း အပ်ကြောင်းထပ် နေပြီမို့ လေးစား အတုယူ သင့်သော အယ်ဒီတာကြီးများ (စာတည်းကြီးများ)၊စာရေးဆရာ၊ သတင်းစာဆရာ၊ ပင်တိုင် ဆောင်းပါး ရှင် ကြီးများ အကြောင်း ပြောပြသည်။ လူငယ်ပေါက်စ စာတည်းများ ဖြစ်ကြ၍ ရှေးခေတ်ဟောင်းက သတင်းစာ ဆရာကြီး များကို နာမည်ပင် ကြားဖူးပါ မည်လား။ ကျွန်တော် စိတ်ပူသည်။ ထို့ကြောင့် ဤစာရေးခြင်း ဖြစ်ပါ သည်။

Subscribe to ဆောင်းပါး