Skip to main content

သေဒဏ်၏ နောက်ကွယ် . . . .

ဇူလိုင်လ ၂၅ ရက်နေ့ နိုင်ငံပိုင်သတင်းစာများ၌ သေဒဏ်ကျခံရသူများဖြစ်သည့် ဖြိုးဇေယျာသော်၊ ဂျင်မီ၊ လှမျိုးအောင်နဲ့ အောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ပြီးစီးသွားကြောင်း သတင်းဖော်ပြပါရှိခဲ့သည်။

ဆီစားသုံးမှုလျှော့ချရေးနှင့် ဘေးကင်းလုံခြုံသောဆီများဝယ်ယူသုံးစွဲ

မြန်မာနိုင်ငံ၏ စားသုံးမှုပုံစံဓလေ့အရ ဆီစားသုံးမှုမှာ ပိုမိုများပြားလျက်ရှိရာ နိုင်ငံခြားငွေများစွာ အသုံးပြုတင်သွင်းရသဖြင့် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရ သည်။ စားသုံးဆီများတွင် ပြည့်ဝဆီနည်းခြင်းက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ရာ ဆီများကို ဓာတ်ခွဲစစ်ဆေးထုတ်ပြန်ချက်အရ နှမ်းဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်ဆီများက ပြည့်ဝဆီအနည်းဆုံးဖြစ်ပြီး စားအုန်းဆီက ပြည့်ဝဆီအများဆုံးအဖြစ်သည်ကို တွေ့ရသည်။ သတ်မှတ်အရည်အသွေးဖြင့် ပြည်ပမှတင်သွင်းခွင့်ပြုထားခြင်းဖြစ်၍ စားသုံးရန်မသင့်သည့်ဆီမဟုတ်ဘဲ ကျန်းမာရေးမထိခိုက်စေသော သန့်ရှင်းသော ဆီဖြစ်စေရေးအတွက် သိုလှောင်သယ်ယူထုပ်ပိုးသည့်နေရာများ၊ လက်လီရောင်းချသည့်နေရာများ အဆင့်ဆင့်တွင်သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ရန်လိုအပ်သည်။

သဘာဝဘေးလျော့ပါးရေး အလေးထား ကြိုတင်ပြင်ဆင်ကာကွယ်

မြန်မာနိုင်ငံ၌ ဝဿန်ကာလမိုးရာသီသို့ ရောက်လာပြီဆိုလျှင် သဘာဝဘေးအန္တရာယ်များကား တစ်ခုမဟုတ်တစ်ခု ရောက်လာတတ်ပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝဘေးအန္တရာယ်များကျရောက်သည့် နိုင်ငံများစာရင်းတွင် အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီကာလတွင် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းဟူ၍ ရှိပါသည်။ မိုးဦးနှင့် မိုးနှောင်းကာလတို့သည်ကား သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်တတ်သောကာလများ ဖြစ်သည်။

လျှောက်သောလမ်း ဖြောင့်ဖြူး၍ ပွင့်သောပန်းတိုင်းလန်းစေမည်

နိုင်ငံတောစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ အချိန်အလပ်အကြားမရှိ ဟိုမှသည်ဆီ သည်မှသည်လည်း ဟိုဆီသို့ကူးချည်သန်းချည်ဖြင့် အလုပ်သဘောကို လုပ်အားဖြင့် သက်သေပြုရသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် အွန်လိုင်းသင်ကြားရေး

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တွင် “ထက်မြက်သော စီမံခန့်ခွဲမှုမှသည် ကောင်းမွန်သောအုပ်ချုပ်မှုဆီသို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် စွမ်းဆောင်ရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များကို သင်တန်းသားဗဟိုပြုစနစ်ဖြင့် ခေတ်မီသင်ခန်းစာများနှင့် ထိရောက်သည့် ပို့ချမှုစနစ်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် သင်ကြားလျက်ရှိသည်။

ပြည်တွင်းစားသုံးဆီဖူလုံဖို့ သေချာရေရာ‌အောင် နေကြာတိုးချဲ့ စိုက်ပျိုးကြပါစို့

ဆီထွက်သီးနှံနေကြာမှာ မြန်မာ‌တောင်သူများနှင့် မစိမ်းလှပါ။ မြန်မာနိုင်ငံတွင် ဆီစားနေကြာကို ၁၉၇၆-၁၉၇၇ ခုနှစ်မှစ၍ စိုက်ပျိုးခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် နေကြာစိုက်ခင်းများဖြင့် ဝေဆာစွာအလှဆင်ခဲ့ကြသည်၊၊

အာဇာနည်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်ကြပါစို့

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဆိုလျှင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးတို့ ကျဆုံးခဲ့သည်မှာ ၇၅ နှစ်ပင်တိုင်ချေပြီ။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများစွာဖြင့် နိုင်ငံတကာကို ဖိတ်ခေါ်လျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်

မြန်မာနိုင်ငံ၏ပထမဆုံးနှင့် အကြီးဆုံးသော သီလဝါအထူးစီးပွားရေးဇုန်၌ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်ထားကြောင်း သီလဝါအထူးစီးပွားရေးဇုန်မှ သိရှိရပါသည်။ “သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အခြားနေရာတွေနဲ့ကွာခြားမှုကို မြင်တွေ့ ခံစားရမယ်။ ထူးထူးခြားခြားကို မတူညီတဲ့အရသာခံစားရမယ်” ဟု သီလဝါအထူးစီးပွား ရေးဇုန်၏ စီမံခန့်ခွဲမှုကော်မတီက ကြေညာထားသည်။ သီလဝါအထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့စွန်၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်လည်ပတ်ခဲ့သည်။ စနစ်တကျတည် ဆောက်ထားသည့် အခြေခံအဆောက်အအုံများနှင့် ကောင်းမွန်ပြီးပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို သီလဝါအထူးစီးပွားရေးဇုန်၌ မြင်တွေ့ရသည်။

ကင်ဆာရောဂါ ကြောက်စရာ ကြိုတင်ကာကွယ် နေထိုင်ပါ

ကမ္ဘာပေါ်ရှိ ကင်ဆာရောဂါ အဖြစ်အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အစီရင်ခံစာများအရ သိရသည်။

ကော်ဖီမြို့တော် ပြင်ဦးလွင်ဖြစ်စေရန် အထောက်အပံ့ပြုမည့် ပြင်ဦးလွင်ကော်ဖီဥယျာဉ် ပွေးတောင်

နေ့စဉ်လူမှုဘဝ၌ ရုန်းကန်လှုပ်ရှားမှုအကြား မောပန်းလာသည့်အခါ အေးချမ်းသာယာသည့်နေရာများတွင် အပန်းဖြေအနားယူလိုကြသည်။ အေးချမ်းမှုဖြင့် အနားယူရင်းခါးဆိမ့်သော ကော်ဖီတစ်ခွက်သောက်ရင်း ပင်ပန်းမှုကိုဖြေလျှော့လိုကြသည်။ ထိုကဲ့သို့ ခရီးသွားရင်း ကော်ဖီရနံ့ဖြင့် အပန်းဖြေနိုင်ရန်အတွက် ခရီးသွားမြို့တော် ပြင်ဦးလွင်ကို ကော်ဖီမြို့တော်ပါ ဖြစ်လာစေရန်ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်နေပြီဖြစ်သည်။
Subscribe to ဆောင်းပါး