အကြမ်းဖက်မှုအန္တရာယ် တားဆီးကာကွယ်
ယနေ့ကမ္ဘာတွင် အကြမ်းဖက်မှုများ တစ်ကျော့ပြန်ခေါင်းထောင်လာသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ Crocus City Hall ခန်းမ၌ ပြုလုပ်သည့် ကပွဲကို အကြမ်းဖက်သမားလေးယောက်က သေနတ်နှင့်ပစ်၊ ဓာတ်ဆီဗုံးများနှင့် ဖောက်ခွဲ၍ လူ ၁၄၀ ကျော်သေဆုံးပြီး ၃၀၀ ခန့် ဒဏ်ရာရရှိသွားကြသည်။