Skip to main content

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ပေး

ပုခက်လွှဲသောလက်များဖြစ်ကြသည့် မိခင်များသည် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရာ၌ များစွာအရေးပါသည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် အာဟာရပြည့်ဝနေမှသာလျှင် ကျန်းမာကြံ့ခိုင်သော ရင်သွေးငယ်တစ်ဦးကို မွေးဖွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ရင်သွေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော နို့ချိုအာဟာရကိုလည်း တိုက်ကျွေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ တတိယသီတင်းပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လူထုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိသည်။

မသိမဖြစ်သော လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုအန္တရာယ်

ယခုအခါ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူအများ အခက်အခဲဖြစ်ပေါ်နေချိန်တွင် ပြည်သူအချို့သည် “မည်သူသေသေ ငတေမာလျှင် ပြီးရော” ဆိုသကဲ့သို့ မိမိတို့အကျိုးစီးပွားအတွက် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်လျက်ရှိနေကြပါသည်။

ဘာသာတရား အလေးထား

ဘာသာတရားဆိုသည်မှာ “ယုံကြည်ကိုးကွယ်သည့် အယူဝါဒ”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ကမ္ဘာဦးအစကပင် ရောဂါအမျိုးမျိုး၊ ဒုက္ခအမျိုးမျိုး၊ ကပ်ဘေးအန္တရာယ်အမျိုးမျိုးတို့ကို လူသားတို့ ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ကြောက်ရွံ့ခြင်းများဖြစ်လာပြီး ထိုအန္တရာယ်အမျိုးမျိုးမှ ကင်းလွတ်စေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုများကို ရှာဖွေခဲ့ကြသည်။ အတွေးအခေါ်ဖွံ့ဖြိုးမှုအားမကောင်းသေးသည့်ကာလ လူသားတို့သည် သစ်ပင်၊ မြစ်ချောင်း၊ တောတောင်၊ ပင်လယ်၊ ကျောက်တုံးစသည့် အရာများကို ကိုးကွယ်ရာအဖြစ် သတ်မှတ်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်

၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့ ဖလန်နယ်စက်ရုံမှ အလုပ်သမား ၂၈ ဦးတို့က ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနိမ့်ကျနေမှုများကို ရင်ဆိုင်ဖြေရှင်းရန် သမဝါယမကုန်စုံဆိုင်တစ်ဆိုင်ကို ရင်းနှီးငွေ စုပေါင်းထည့်ဝင်၍ ဖွင့်လှစ်ထူထောင်ခဲ့သည်မှစ၍ ကမ္ဘာ့သမဝါယမ စတင်ပေါ်ပေါက်ခဲ့သည်။ ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်မှ ၂၃ရက်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ သမဝါယမညီလာခံတစ်ရပ် ကျင်းပခဲ့ပြီး ၁၉-၈-၁၈၉၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်(International Cooperative Alliance-ICA)ကို ထူထောင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ အဖွဲ့ချုပ်စတင်ဖွဲ့စည်းခဲ့စဉ်က အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ အိန္ဒိယ၊ အီတလီ၊ ဆွစ်ဇာလန်၊ ဆားဗီးယားနှင့် အမေရိကန် စုစုပေါင်း ၁၃ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြသဖြင့် ကမ္ဘာ့သမဝါယမများ၏ အမြင့်ဆုံးအဖွဲ့ကြီးအဖြစ် ရပ်တည်လာခဲ့ပါသည်။

အကျပ်ရိုက်မှုအခြေအနေမျိုးမှ ရုန်းထွက်နိုင်ဖို့ ဆိုရာဝယ် …..

ကျွန်တော်တို့ဟာနေ့စဉ်ဘဝမှာ မကြာခဏဆုံးဖြတ်ချက်ချရလေ့ရှိပြီး ယေဘုယျအားဖြင့် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ်ထင်တာမျိုးကိုပဲ ဦးစားပေးပြီးရွေးချယ်ဆုံးဖြတ်လေ့ရှိကြပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေထဲမှာ ကိုယ့်အတွက်သာမက အခြားသူတွေအတွက်ပါ အကျိုးသက်ရောက်မှုရှိနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

စိတ်ခွန်အားမှသည် စိတ်တန်ခိုးဖြင့် … ဆီသို့

စိတ်သာရှင်စော၊ ဘုရားဟော။ မြတ်ဗုဒ္ဓဟောခဲ့တာမှာ စိတ်ကိုအသေးစိတ်၊ အနုစိတ်တာမှ ခေတ်သစ် QUANTUM PHYSICS အထိ၊ ATOM, PROTON, NEUTRONS, ELECTRONS ခေတ်သစ်ရူပဗေဒတွေ့ရှိချက်တွေကို နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက တွေ့ရှိဟောကြားခဲ့တာပါ။

ပညာအသိများဖြန့်ဝေပေးသည့် စာကြည့်တိုက်များ

ကျွန်တော်သည် ငယ်စဉ်ကပင် စာဖတ်ဝါသနာပါခဲ့ပါသည်။ ကျွန်တော့်ဖခင်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး လခထုတ်ရက်များတွင် ကျွန်တော်တို့ မောင်နှမများအတွက် လစဉ်ထုတ် ကာတွန်းစာအုပ်များ၊ ဂျာနယ်များနှင့် အမေ့အတွက် ထိုအခါက နာမည်ကြီးသည့် စာရေးဆရာကြီး၊ ဆရာမကြီးများ ရေးသားသည့် ဝတ္ထုစာအုပ်များကို ဝယ်ပေးလေ့ရှိပါသည်။ အလယ်တန်းကျောင်းသားဘဝမှစ၍ ပြန်ကြားရေးစာကြည့်တိုက်များသို့ သွားရောက်စာဖတ်သည့်အလေ့ စတင်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပထမနှစ် စတင်တက်ရောက်စဉ် ပင်မဆောင်တောင်ဘက်ရှိ ရာဇာတ်ဟော(လ်)အမည်ရှိ တက္ကသိုလ်စာကြည့်တိုက်တွင် စာကြည့်တိုက်ကတ်လုပ်ကာ စာအုပ်များကို စတင်ရှာဖွေဖတ်ရှုခဲ့ရာမှ တက္ကသိုလ်ဆရာဖြစ်သည်အထိ စာကြည့်တိုက်နှင့် ရင်းနှီးခဲ့ရပါသည်။ ဝန်ထမ်းဘဝ နိုင်ငံအသီးသီးသို့ သင်တန်းများ၊ အစည်းအဝေးများ တက်ရောက်ရန် သွားရောက်သည့် မြို့များတွင် စာကြည့်တိုက်ပြတိုက်များကို အားသည့်အချိန်များတွင် လေ့လာကြည့်ရှုခဲ့ပါသည်။ 

အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု

မြန်မာနိုင်ငံစာပေဆုများနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်အမြင့်ဆုံးဆုမှာ “အမျိုးသားစာပေတစ်သက်တာဆု” ဖြစ်ပြီး အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများသည်လည်း စာပေဆုသက်တမ်းများ ရှည်ကြာလာခဲ့သည့်နည်းတူ စာပေဆုအစဉ်အလာများလည်း ကြီးမားကောင်းမွန်ခဲ့ကြပါသည်။

တိုင်းပြည်တိုးတက်ခြင်းအစ သန်းခေါင်စာရင်းက

သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် အခြေခံအုတ်မြစ်ချလိုက်ခြင်းဟု ဆိုရပါမည်။ တစ်နည်းအားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် အမျိုးသားအဆင့်စာရင်းအင်းစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် အခြေခံအုတ်မြစ်ချပေးခြင်းပင်ဖြစ်ပါသည်။

လူငယ်ကဏ္ဍမြှင့်တင်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလောဆောင်ရွက်ရမည့် အစီအစဉ် များနှင့် ရေရှည်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သင့်လျော် ကောင်းမွန်သော အတွေးအမြင်၊ အယူအဆ၊ အကြံပြုချက်များရရှိနိုင်စေရန် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၅)သို့ တက်ရောက်ခဲ့သည့် သင်တန်းသားအရာရှိကြီး ၁၅ ဦးနှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၇) သို့ တက်ရောက်ခဲ့သည့် သင်တန်းသားအရာရှိကြီး ၃၄ ဦးတို့အား အုပ်စု(၄)စု ခွဲ၍ ၄၅ မိနစ်ကြာ ဆွေးနွေးစေကာ အကြံဉာဏ်များ ရယူခဲ့ပါသည်။
Subscribe to ဆောင်းပါး