ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း
ဧရာဝတီတိုင်းဒေသကြီးသည် စပါးကိုအဓိကစိုက်ပျိုးသော မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်ပါသည်။ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်း၍ စျေးကွက်ရှိသော စပါးမျိုးများအား ရွေးချယ်စိုက်ပျိုးသင့်လာပါသည်။ ယင်းမျိုးများထဲမှ ပေါ်ဆန်းအုပ်စုကို ထုတ်ကုန်အဖြစ် စိုက်ပျိုးရန် ပေါ်ဆန်းစျေးကွက်ကို ဈေးကွက်ဝင်အမှတ်တံဆိပ်တစ်ခုအဖြစ် ပြည်တွင်းသာမက ပြည်ပအထိ တန်ဖိုးမြင့်ထုတ်ကုန်ဆန်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်လာပါသည်။
