| 05/19/2025 မြန်မာ့ပေါ်ဆန်းမွှေး ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုအလားအလာ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများအနက် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါးသည် နိုင်ငံ၏အခြေခံကျသော အစားအစာဖြစ်သည့်အပြင် မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်း ဖြစ်ပါသည်။ Read more
| 05/19/2025 တစ်ဖက်ပိတ်နေတဲ့ ကမ္ဘာ့ဦးနှောက် အခုဆိုရင်အနောက်နိုင်ငံတွေမှာ နိုင်ငံရေးအပြောင်းအလဲတွေ ကြီးကြီးမားမားဖြစ်နေပါတယ်။ တစ်နည်း အမေရိကန်ကော ဥရောပမှာပါ လစ်ဘရယ်ဒီမိုကရေစီအကျပ်အတည်းဆိုက်နေတယ်။ မေးခွန်းများစွာရင်ဆိုင်နေရပါတယ်။ အမေရိကန်မှာ အမျိုးသားရေးဝါဒီ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာသလို ဥရောပမှာလည်း လက်ယာစွန်းနိုင်ငံရေးပါတီက တစ်နှစ်ထက်တစ်နှစ် အားကောင်းလာနေပါတယ်။ Read more
| 05/19/2025 နိုင်ငံရေးအမြတ်ထုတ် စားပေါက်ထွင် သတင်းအဆိပ်လုပ် မေ ၁၂ ရက်ကနေ ယနေ့အထိ လူမှုကွန်ရက်မျက်နှာစာအသီးသီးမှာ မရပ်မနားနေ့စဉ် အထပ်ထပ်ထုတ်လွှင့်နေတဲ့ သတင်းတစ်ပုဒ်ကိုပြပါဆိုရင် အားလုံးသိရှိကြပြီးဖြစ်တဲ့အတိုင်း စစ်ကိုင်း တိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာမှာ မေ ၁၂ ရက်က ဖြစ်ခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။ အဆိုပါသတင်းကို ပြည်တွင်းမှာသာမက နိုင်ငံတကာနဲ့ ကုလသမဂ္ဂစင်မြင့်ထက်ရောက်အောင် သတင်းပေါက်အောင်လုပ်နိုင်တာက ဖြစ်ပျက်ခဲ့တဲ့သတင်း မှန်သည်/မမှန်သည်ကိုမကြည့်ဘဲ အမည်းရောင် (သို့မဟုတ်) အဖျက်အမှောင့်သတင်းစာပညာအစွမ်းနဲ့ လုပ်ခဲ့တာကို သတင်းနဲ့ပတ်သက်ပြီး နားလည်သူတိုင်းသိကြပါတယ်။ Read more
| 05/19/2025 ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးနှင့်အတူ ယှဉ်တွဲနေထိုင်ကြရာဝယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ ကမ္ဘာအနှံ့ခြေဆန့်ခဲ့သည်မှာ အချိန်ကာလအားဖြင့် ငါးနှစ်နှင့် သုံးလကျော်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ထားချက်အရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၇၇၇ ဒသမ ၇ သန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၇ ဒသမ ၀၉ သန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ Read more
| 05/15/2025 လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Malaysia Youth Creative and Innovative Hub အား စတင်တည်ထောင်စလုပ်ငန်းများနှင့် လူမှုစီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်စေရေးအတွက် ဆန်းသစ်တီထွင်မှုများ၊ စိတ်ကူးပုံဖော်မှုများနှင့်အတူ လူငယ်အားလုံး အကျုံးဝင်ပါဝင်နိုင်စေရေး ရည်ရွယ်ကာ ဒီဇိုင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ စွန့်ဦးတီထွင်ခြင်းနှင့် လုပ်ငန်းသစ်များ စတင်တည်ထောင်ဖွင့်လှစ်ခြင်း ပြုလုပ်နိုင်ရန် လူငယ်များအား လိုအပ်သည့် ကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်ငန်းဆိုင်ရာ အကြံ ဉာဏ်များနှင့် အတွေ့အကြုံများ မျှဝေပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်းတို့ ဆောင်ရွက်ပေးကာ အလုပ်လက်မဲ့ဦးရေ လျှော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ Malaysia Youth Creative and Innovative Hub တွင်လည်း ဧည့်ခန်းမ၊ ဧည့်ကြိုဆောင်၊ အုပ်ချုပ်စီမံခန်း၊ အစည်းအဝေးခန်း၊ ညီလာခံ/ဆွေးနွေးခန်းမ၊ စာသင်ခန်းမ၊ စာကြည့်တိုက်၊ ထုတ်ကုန်ပြခန်း၊ စံနမူနာပစ္စည်းများပြုလုပ်သည့်ခန်းမ၊ Resource Center ၊ အိပ်ဆောင်၊ ကြံ့ခိုင်မှုလေ့ကျင့်ရေးခန်းမ၊ အဝတ်လဲခန်း၊ ကော်ဖီဆိုင်၊ မီးဖိုချောင်၊ အဝတ်လျှော်ခန်း၊ နားနေခန်းများ ပါဝင်ဖွဲ့စည်းထားပါသည်။ Read more
| 05/14/2025 ငလျင်ဘေး ကူညီလုပ်အား ရန်ကုန်လျှပ်စစ်လုပ်သားများ ရန်ကုန်မြို့ရှိ ရုံးခန်းတွင် ကျွန်တော်တာဝန်ထမ်းဆောင်နေစဉ် မတ် ၂၈ ရက်မွန်းလွဲပိုင်းက ရုတ်တရက်ငလျင်ပြင်းထန်စွာ လှုပ်ခတ်ပြီးနောက် လျှပ်စစ်မီးများနှင့် ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။ အဆိုပါ မြေငလျင်ဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံးသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားသော ငလျင်ဘေးသင့်ဒေသများရှိ ဓာတ်အားပေးစက်ရုံ၊ ထပ်ဆင့်ဓာတ်အားဖြန့်ဖြူးပေးသည့်ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ အများအပြားပျက်စီးချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ရသည်ဟု သိရှိရသည်။ Read more
| 05/14/2025 လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေး ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ရာ လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်နေခြင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် လူငယ်များ ပညာရည်မြင့်မားရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ စိတ်ဓာတ် စည်းကမ်း ကောင်းမွန်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအပါအဝင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်ကာ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ Read more
| 04/29/2025 မန္တလေးငလျင်ကြီးနဲ့ လူသားချင်းစာနာထောက်ထားမှု သံခင်းတမန်ခင်း နိုင်ငံတစ်နိုင်ငံဟာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ကြုံတွေ့ရတဲ့အခါမျိုးမှာ ကမ္ဘာ့နိုင်ငံ၊ အစိုးရနဲ့ အစုအဖွဲ့တွေအကြား ပုံမှန်အချိန်မှာ ရှိခဲ့တဲ့ နိုင်ငံရေးအရ အဟန့်အတားနဲ့ အေးစက်တင်းမာမှုတွေကို လျစ်လျူရှုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားခြင်းဆိုတဲ့ရှုထောင့်မှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေနိုင်တဲ့ သံခင်းတမန်ခင်းလုပ်ငန်းစဉ်တွေကို သဘာဝဘေးအန္တရာယ် သံခင်းတမန်ခင်းလို့ သီအိုရီတွေက ညွှန်းဆိုထားရှိကြပါတယ်။ Read more
| 04/29/2025 သူတို့ ဝင်မစွက်စေနဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ဒါမှမဟုတ် နောက်နှစ်အစောပိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိတယ်။ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲတွေကို ကိုယ့်ရဲ့စံတန်ဖိုးတွေနဲ့အညီသာ ကျင်းပသင့်ပါတယ်။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲတွေရဲ့အဓိပ္ပာယ်ကို သူတို့ရဲ့အမြင်နဲ့ပဲ တင်းကျပ်စွာ သတ်မှတ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတွေအပေါ် သူတို့ရဲ့ စံတန်ဖိုးတွေနဲ့လာပြီး ဆရာလုပ်နေကျ ကမ္ဘာ့နိုင်ငံအချို့ရဲ့ စွက်ဖက်မှုကို လက်ခံစရာ မလိုပါဘူး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးအနက်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေက မြန်မာ့စံတန်ဖိုးနဲ့ ဓလေ့ထုံးတမ်းတွေကို နားလည်နိုင်မှာမဟုတ်ဘူး။ (Global South ဆိုတာ အာဖရိက၊ လက်တင်အမေရိက၊ အာရှတိုက်နဲ့ အရှေ့အလယ်ပိုင်း ဒေသတချို့မှာရှိတဲ့ နိုင်ငံတွေကို အဓိကအားဖြင့် ပြောတာပါ။) Read more
| 04/27/2025 တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာသင်တန်း-သင့်အောင်မြင်မှုအတွက် ရွှေ့ချလိုက်သော ခြေလှမ်း မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများကို အခြေခံသော ကျေးလက်ဗဟိုပြုစီးပွားရေးစနစ်ရှိသည့် နိုင်ငံဖြစ်ပြီး နိုင်ငံသားအားလုံး စားရေရိက္ခာဖူလုံရေးသည် အရေးပါလှပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၄)ရပ်ပါ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ Read more