ခေတ်မီ DEMU ရထားများဖြင့် ဝန်ဆောင်မှုသစ်ဆီသို့ ခြေလှမ်းလှမ်းလာသည့် မြန်မာ့မီးရထား
သို့ဖြစ်ရာ လူသုံးကုန်၊ စားသောက်ကုန်များ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် သွင်းကုန်/ ပို့ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဒေသအသီးသီးသို့ အမြောက်အမြားသယ်ပို့နိုင်ရန်နှင့် အနာဂတ်တွင် ခရီးသွားပြည်သူများအား ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုများပေးနိုင်ရန် တို့အတွက် ရထားပို့ဆောင်ရေးလုပ်ငန်းအား ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
