Skip to main content

အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံ

နေပြည်တော်  ဇန်နဝါရီ  ၂၉

အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာ အဆောင် အမှတ် (-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲ၌ ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေ က ကော်မတီ၏ ဇန်နဝါရီ ၅ ရက်မှ ၁၄ ရက်အထိ ကချင်ပြည်နယ်အတွင်းသို့ ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့သည့်အပေါ် ဇန်နဝါရီ ၉ ရက်တွင် လူမှုကွန်ရက် Facebook စာမျက်နှာ၌ Moe Zay Nyein Account နှင့် Thein Zaw Htike Account တို့မှ အမျိုးသားလွှတ်တော် နှင့် လွှတ်တော်က တာဝန်အပ်နှင်းထားသော ကော်မတီနှင့် ကော်မတီဝင်များအပေါ် မဟုတ်မမှန်သတင်းများ ဖြန့်ဝေရေးသားခဲ့ကြောင်း၊ အဆိုပါ ဖြန့်ဝေ ရေးသားချက်များသည် ကော်မတီနှင့် ကော်မတီဝင်များအပေါ် အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေပြီး လွှတ်တော်ကော်မတီ၊ ကော်မတီဝင်များ၏  ဂုဏ်သိက္ခာကိုပါ ထိခိုက်ညှိုးနွမ်းစေရကြောင်း၊ မိမိတို့ကော်မတီမှ ယင်းရေးသားဖော်ပြသကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်းနှင့် ဖြစ်စဉ် အမှန်ကို သတင်းမီဒီယာများအား သိရှိစေရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

စိုးဝင်းထွန်း