ဘားအံ ဒီဇင်ဘာ ၄
ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ မွန်းလွှဲပိုင်းခန့်က ဘားအံမြို့နယ်၊ ကျောက်တစ်လုံး(ဝင်းဒရယ်)ကျေးရွာအုပ်စုရှိ ဓါတ်ကျိုက်ဂူငါးဘေးမဲ့ဇုန် ဆောင်ရွက်ထားမှုအားသွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရွှေပြည်အေးမဟာမင်္ဂလာမဏ္ဍပ်တော်ကြီး၌ ဓါတ်ကျိုက်ဂူဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဆန်၊ ဆီ၊ ကြက်သွန် တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘားအံမြို့နယ်၊ ကျောက်တစ်လုံး(ဝင်းဒရယ်)ကျေးရွာအုပ်စု၊ သစ်ဖြူပင်ဆိပ်ကျေးရွာ၊ ဓါတ်ကျိုက်ဂူအနီး ကွင်းအမှတ်(OSS 29)နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေးရွာ၊ ဝင်းဖုန်းကွင်းအမှတ်(၄၆၈)၊ စုစုပေါင်းဧရိယာဧက(၁၁ ဒသမ ၄၄၆)ဧကရှိ ဒုံသမိချောင်းအရှည် ၂၅၀၀ ပေအား ဓါတ်ကျိုက်ဂူငါးဘေးမဲဇုန် ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဘေးမဲဇုန်ဆောင်ရွက်ထားမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဘားအံ(ပြန်/ဆက်)