နေပြည်တော်၊ အောက်တိုဘာ ၂၀
တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ဒုတိယအကြိမ်အစည်းအဝေး (၂/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် Video Conferencing ဖြင့်ကျင်းပရာ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားတင်ပြသူ ၁၅၆ ဦးအား စိစစ်အတည် ပြုခြင်း၊ တရားလွှတ်တော်ရှေ့နေ ၇ ဦးအပေါ် တိုင်ကြားမှုနှင့်စပ်လျဉ်း၍ တရားလွှတ်တော်ရှေ့နေများကောင်စီခုံရုံးဖြင့် စုံစမ်းစစ်ဆေးရန်ဆွေးနွေးခြင်း၊ စုံစမ်းစစ်ဆေးမည့် ခုံရုံးအဖွဲ့ဝင်အမည်စာရင်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ပေးပို့ရန် အတည်ပြုခြင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေ ၃ ဦးအပေါ် အရေးယူရန် သဘောထားတောင်းသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်