ရန်ကုန် အောက်တိုဘာ ၁၄
Corona Virus Disease 2019 (Covid-19) ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့သို့ U Pay Technology Co., Ltd. မှ Covid-19 ရောဂါ ကာကွယ်ရေးသုံး (Surgical Mask) များ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ U Pay Technology Co., Ltd. မှ Xintao Liu (Chief Executive Officer) မှ လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနသို့ Surgical Mask အရေအတွက် (၂၀၀၀၀) နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ Surgical Mask အရေအတွက် (၂၀၀၀၀) စုစုပေါင်း Surgical Mask အရေအတွက် (၄၀၀၀၀) တို့ကို ပေးအပ် လှူဒါန်းရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင် (E၊C) က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ညိုညိုစမ်း