နေပြည်တော် စက်တင်ဘာ ၂၃
ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး နီလာခန်းမမှ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကော်မတီဝင် များဖြစ် ကြသည့် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ် များမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိ ပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွား လုပ်ငန်း အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် လူဇင်ဘတ် ဖွံ့ဖြိုး တိုးတက်မှုအဖွဲ့အစည်း (Luxembourg Development Cooperation Agency) မှ ကျွမ်းကျင် ပညာရှင်များက Online မှ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဒုတိယသမ္မတ(၂) ဦးဆောင်သည့် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ပေါ်လာအောင် ခရီးသွားလုပ်ငန်းကော်မတီက ဖော်ဆောင် ပေးရမည်ဖြစ်ပါကြောင်း။ ယနေ့ အစည်းအဝေး တက်ရောက်လာကြသူများ အနေဖြင့် မြန်မာ့ ခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဝိုင်းဝန်း ဆွေးနွေးကြရန်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည် ခရီးသွားလုပ်ငန်းကို ပြန်လည်ထူထောင် ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် UNWTO ၊ PATA စသည့် နိုင်ငံတကာခရီးသွားလုပ်ငန်း အဖွဲ့အစည်းများက ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့် ကိုဗစ်-၁၉ ကာလအလွန် ခရီးသွား လုပ်ငန်း ပြန်လည် ထူထောင်ရေး ဆွေးနွေးပွဲများ၊ ဒေသတွင်း အဖွဲ့အစည်းများ ဖြစ်သည့် ASEAN နှင့် GMS အဖွဲ့များက ပြုလုပ်သည့် အစည်းအဝေးနှင့် Conference များတွင် ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် သင့်တော်ကိုက်ညီမည့် အချက်အလက်များကို စုစည်း ကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအတွက် ကုစားရေးအစီအစဉ် (COVID-19 Myanmar Tourism Relief Plan) ကို CERP နောက်ဆက်တွဲ အဖြစ် ခရီးသွားလုပ်ငန်း အသင်းအဖွဲ့ များနှင့် ပူးပေါင်းရေးဆွဲအတည်ပြုပြီး Survival၊ Reopening နှင့် Relaunching ဆိုသည့် အဆင့် (၃) ဆင့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း။ CERP ၏ နောက်ဆက်တွဲဖြစ် သည့် COVID-19 Myanmar Tourism Relief Plan ၏ Review ကို ခရီးသွား လုပ်ငန်း အသင်းအဖွဲ့များနှင့် ပူးပေါင်းရေးဆွဲပြီးဖြစ်ပြီး ယနေ့ အစည်းအဝေးတွင် အတည်ပြုသွားရန် ရှိပါကြောင်း။
ခရီးစဉ်ဒေသများကို အနီးကပ် စနစ်တကျစီမံခန့်ခွဲနိုင်ရန် တိုင်းနှင့်ပြည်နယ်အသီးသီး တွင် တိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ ပါဝင်သည့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့(DMO) များကို ခရိုင်နှင့် မြို့နယ်အဆင့်အထိ ခရီးသွားလုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ဖွဲ့စည်းပေးခဲ့ပြီး DMO များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်း အကြံပြုသတ်မှတ် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုင်စင်အသစ်လျှောက် ထားခြင်းနှင့် သက်တမ်း တိုးခြင်းအားလုံးကို e-license စနစ်ဖြင့် ခွင့်ပြုပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီး ဌာနသို့ ပေးချေရမည့်ငွေပေးချေမှုအားလုံးကို Online တွင် ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း၊ ဟိုတယ်များ တည်းခိုရိပ်သာများ၏ ဧည့်စာရင်းတိုင်ကြားမှုကို Guest List Information Management System သို့ လုံးဝပြောင်းလဲသွားရမည်ဖြစ်ပြီး ထိုကိစ္စအားလုံးသည် ကိုဗစ်-၁၉ ထိန်းသိမ်းကာကွယ်ရန် Physical contact နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် COVID-19 Economic Relief Plan (CERP)၊ ဝန်ကြီးဌာနက ပြုစုရေးဆွဲထားသည့် COVID-19 Tourism Strategic Roadmap၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ COVID-19 Tourism Recovery TA Package၊ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီက ချမှတ်ထား သည့် ခရီးသွား လုပ်ငန်းဦးစားပေး အစီအစဉ်များကို ပေါင်းစပ်ပြီး Myanmar Tourism Strategic Recovery Roadmap (2021-2025) ကို Lux Dev မှ ပြည်တွင်းပြည်ပခရီးသွား ပညာရှင်များနှင့် ပူးပေါင်းရေး ဆွဲလျက်ရှိပြီး ခရီးသွား လုပ်ငန်းအသင်းအဖွဲ့များ၏ feedback များကိုလည်း တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ထိုလမ်းပြ မြေပုံသည် ကိုဗစ်-၁၉ ကာလ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါ ကြောင်းနှင့် လမ်းပြမြေပုံအတွက် ဆက်လက်ဆောင်ရွက်ရမှုများကို ဒုတိယဝန်ကြီးက ရှင်းပြပေးသွားမည် ဖြစ်ပြီး အစည်းအဝေးကို တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းပြီး အကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်လတ်က နိုင်ငံတော်က ချမှတ်ထားသည့် COVID-19 Economic Relief Plan (CERP) အရ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် ချေးငွေရရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ကာလတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့် အခြေ အနေများ၊ ဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိသည့် Myanmar Tourism Strategic Recovery Roadmap နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော် က ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀ ) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် Online မှ တက်ရောက်ကြသည့် ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင် ခရီးသွားလုပ်ငန်း တတ်သိ ပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စား လှယ်များက ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရေး၊ ခရီးစဉ်ဒေသများ စနစ်တကျရှိစေရေး၊ ခရီးသွားများ ဘေးကင်းလုံခြုံရေးနှင့် ၎င်းတို့၏ သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြပြီး လူဇင်ဘတ် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Luxembourg Development Cooperation Agency) မှ တာဝန်ရှိသူများက Myanmar Tourism Strategic Recovery Roadmap (2021-2025) ရေးဆွဲနေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)