Skip to main content

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅ /၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရန်ကုန် ၊  စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်  ၁၀ နာရီတွင် Video Conferencing ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အဖွင့်အမှာ စကားပြောကြားပြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ  ဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်  နှင့်  တာဝန်ရှိသူများ၊  သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များက ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင်  တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုမိန့်ရရှိ ထားသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစက်မှုကဏ္ဍလုပ်ငန်း (၆)ခုကိုအတည်ပြုပေးခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းမှာ အမေရိကန်ဒေါ်လာ ၁၅.၇၂၇ သန်းဖြစ်ပြီး LED နှင့်
Lighting Accessories ထုတ်လုပ်ခြင်း၊ CMP စနစ်ဖြင့် အိတ်၊ အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကြောင်းသိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)