Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ချင်းရွှေဟော်     စက်တင်ဘာ  ၂၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်  ဉီးဆောင်၍ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဉီးနေလင်း၊ ညွှန်ကြား ရေးမှူး ဉီးထင်ကျော်အေး တို့ လိုက်ပါလျက်  ယနေ့ မွန်းလွဲ(၂)နာရီ အချိန်က    ချင်းရွှေဟော်မြို့  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီအဖွဲ့နှင့် ချင်းရွှေဟော် မြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဉီးစွာ တွေ့ဆုံပွဲတွင်  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က အဖွင့်အမှာစကားပြောကြားပြီး  ချင်းရွှေဟော်မြို့  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်မှ ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေ များ ကို ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ချင်းရွှေဟော်မြို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ အတွက် ငွေကျပ်သိန်း(၂၀)၊ နှာခေါင်းစည်း(Mask) (၂၅၀၀)ခု  နှင့် လက်အိတ်အစုံ(၅၀၀)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)