Skip to main content

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၉

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းထွန်းအေးက မြန်မာ ဘာသာဖြင့် လည်းကောင်း၊ နန်းချိုနွယ်ဦးက ရှမ်းဘာသာဖြင့်လည်းကောင်း ၎င်းတို့၏ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

စိုင်းထွန်းအေး၏ မြန်မာဘာသာဖြင့် ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မိုင်ဆုန်ခ... ။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ် ပါတယ်။

ကျွန်တော်ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းထွန်းအေး ဖြစ်ပြီး ပါတီရဲ့ မူဝါဒသဘောထားများ ကို မိဘပြည်သူများသိရှိအောင် မိတ်ဆက်တင်ပြသွားမှာ ဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျား ....

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ စတင် တည်ထောင်ချိန်ကတည်းက လက်ရှိအချိန်အထိ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်သွားနိုင်ရေးကို ဦးထိပ်ထား ပြီး တစိုက်မတ်မတ် ဦးဆောင်လျှောက်လှမ်းခဲ့ပါတယ်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးအချင်းချင်းကြားမှာ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ အတွက် အစဉ်ကြိုးပမ်း လျက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များ ဖြစ်ထွန်း အောင်မြင်လာစေရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အားစိုက် ဆောင်ရွက်လျက်ရှိပါတယ်။

မိမိတို့ပါတီဟာ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးအားလုံးရဲ့ အရေးသာမက ပြည်ထောင်စုတစ်ခုလုံးရဲ့ အရေးကိစ္စများနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ဦးဆောင်အခန်း ကဏ္ဍက နေပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ SNLD ပါတီအနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က တောင်တန်းနဲ့ ပြည်မ ခေါင်းဆောင်များ သဘောတူညီချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိ ကဝတ်နဲ့ ပင်လုံမူတွေအပေါ်မှာ အခြေခံပါတယ်။ ၁၉၆၁ခုနှစ် တောင်ကြီးမြို့ မှာ ကျင်းပခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံကြီးက ချမှတ်အတည်ပြုခဲ့တဲ့ ပြည်ထောင်စုစစ်စစ်မူအပေါ်မှာ အခြေခံထားပါတယ်။ ဒီရည်မှန်းချက်

အောင်မြင်ဖို့အတွက် ရည်ရွယ်ချက်ချင်းတူညီတဲ့ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဟာ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နဲ့ အပြန်အလှန်ဆက်စပ်နေပါတယ်။ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြင်ဆင်လိုခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအတွက် အဓိကအခြေခံပါတယ်။ တန်းတူမှု၊ တရားမျှတမှုအပေါ် အခြေခံပြီး တောင်တန်း ပြည်မ မခွဲခြားဘဲ မိမိတို့ကိုင်စွဲထားတဲ့ မူဝါဒနဲ့အညီ ပြင်ဆင်ရန် နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အဝဖြင့် အကြံပြုတင်ပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မူအပေါ်အခြေခံရပ်တည်တဲ့ ပါတီတစ်ရပ်ဖြစ်ရေး (Party Institutionalization) နဲ့ ပါတီမူဝါဒရေးဆွဲခြင်း (Party Platform) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ပါတီကို ကျစ်လျစ်ခိုင်မာ အားကောင်းလာစေဖို့အတွက်လည်း လိုအပ်တဲ့ လုပ်ငန်းလမ်းညွှန်များ၊ စည်းမျဉ်းစည်းကမ်းများနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေ ကို ရေးဆွဲပြဋ္ဌာန်းထားပါတယ်။ SNLD ပါတီဟာ ပြည်သူသာအမိ၊ ပြည်သူသာအဖ လို့ အလေးအနက်ခံယူထားတဲ့အတွက် မိဘပြည်သူများရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ကူညီဖြေရှင်းနိုင်ရန် ပါတီမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ပါတီဝင်များက ပြည်သူနဲ့အတူ နီးနီးကပ်ကပ်ထိတွေ့ ဆက်ဆံလျက်ရှိပါတယ်။ ။

ချစ်ခင်လေးစားရပါသော မဲဆန္ဒရှင် မိဘပြည်သူများ ခင်ဗျား

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံအကျဆုံးနဲ့ အမြင့် ဆုံး ဥပဒေတစ်ရပ်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေက တိုင်းပြည် ငြိမ်းချမ်းသာယာဖွံ့ဖြိုးဖို့အတွက် ဆောင်ကြဉ်းပေး သလို ဆိုးရွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေက တိုင်းပြည်ရဲ့ အကျပ်အတည်းကို မွေးဖွားပေးပါ တယ်။ ဒါကြောင့် မိမိတို့ရဲ့ ပြည်ထောင်စုကို ဘယ်လိုပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုတဲ့ မြော်မြင်ချက် (Vision) ရှင်းလင်းဖို့လိုအပ်ပါတယ်။ ဒီနိုင်ငံတွင်းမှာ ဘယ်လိုစံတန်ဖိုး(Values) တွေ လေးစားလိုက်နာကျင့်သုံး ကြမယ်ဆိုတာကို အတိအလင်းဖော်ပြရမှာဖြစ်ပါတယ်။ အဆိုပါမြော်မြင်ချက်၊ စံတန်ဖိုးတွေအပေါ် အခြေခံပြီးတော့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူကို အသေးစိတ်ရေးဆွဲသွားရမှာ ဖြစ်ပါတယ်။ အခြေခံမူနဲ့ ကိုက်ညီမှု မရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအပါအဝင်တည်ဆဲဥပဒေ တွေကို သုံးသပ်ပြင်ဆင်ရပါမယ်။ မိမိတို့ ပြည်ထောင်စုကြီးကို ကမ္ဘာ့အလယ် မှာ ဘယ်လိုနိုင်ငံအဖြစ် မြင်စေချင်တယ် ဆိုတာကို နိုင်ငံရေးအမြော်အမြင် ရှိရှိနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက စဉ်းစားပုံဖော်သွားကြရမှာ ဖြစ်ပါတယ်။ ။

တောင်တန်းဒေသက ခေါင်းဆောင်ကြီးများဟာ မိမိတို့ရဲ့ ကိုယ်ပိုင် အချုပ် အခြာအာဏာကို စွန့်လွှတ်ပြီး ပင်လုံစာချုပ်နဲ့အတူ ပြည်ထောင်စုနိုင်ငံအဖြစ် ရည်ရွယ်ကာ တည်ထောင်ခဲ့ကြပါတယ်။ လွတ်လပ်ခြင်း၊ တန်းတူ ခြင်း၊ စုံလင်ကွဲပြားခြင်း၊ စုပေါင်း ခေါင်းဆောင်ခြင်းနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိခြင်း တို့ကို ပြည်ထောင်စုရဲ့ စံတန်ဖိုးများအဖြစ် ကိုင်စွဲပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် လွတ်လပ်ရေးကို အတူတကွ ပူးပေါင်းရယူခဲ့ကြပါတယ်။

လွတ်လပ်ရေးရယူပြီးနောက်ပိုင်း အုပ်ချုပ်ရေးအာဏာရယူခဲ့သူများဟာ နိုင်ငံတော်ကို ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ဆောက်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အကျိုးဆက် အနေနဲ့ တိုင်းပြည်ဟာ နာလန်မထူ နိုင်လောက် အောင် အဘက်ဘက်က ယိုယွင်းပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ပြည်ထောင်စု ကြီး တည်ဆောက်နိုင်ဖို့ အတွက် ပင်လုံစာချုပ်၊ ပင်လုံကတိ ကဝတ်နှင့် ပင်လုံမူတို့ကို အကောင်အထည် ဖော်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲ ရပါမယ်။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရအုပ်ချုပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေစနစ် (Constitutionalism) ကို ကျင့်သုံးရပါမယ်။ တစ်ဖက်မှာ လည်း ပြည်ထောင်စုရဲ့ အင်္ဂါရပ်များနှင့် ပြည့်စုံဖို့လုပ်ဆောင်ရမှာဖြစ်သလို အသွင်သဏ္ဌာန်လက္ခဏာ တည်ဆောက်ရေးနဲ့ အနှစ်သာရလက္ခဏာ တည်ဆောက်ရေးတို့ကို ဆောင်ရွက်ရပါမယ်။ စုပေါင်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြီးကို စုပေါင်းခေါင်းဆောင်မှုနဲ့ ကမ္ဘာ့အလယ်တွင် တင့်တယ် စေရပါမယ်။

တန်းတူမျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး မတည်ဆောက်နိုင်သေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရယူနိုင်ဖို့ဆိုတာ ခက်ခဲနေဦးမှာ ဖြစ်ပါ တယ်။ စံတန်ဖိုးများနဲ့ ခိုင်မာတဲ့ မူဝါဒများကို လေးစားလိုက်နာတဲ့ လွတ်လပ်၊ ငြိမ်းချမ်းပြီး တိုးတက်တဲ့ ပြည်ထောင်စုသစ်ကြီးကို ပုံဖော်ဖို့အတွက် “ပင်လုံကတိကဝတ်များကို ပြန်လည်ဖော်ဆောင်ခြင်း” ကသာ ပြည်တွင်း ပဋိပက္ခဖြေရှင်းရေးရဲ့ တစ်ခုတည်းသော အဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ပါတယ်။ ဒါကြောင့် “ဖက်ဒရယ်မှသည်

ပြည်သူအပေါင်း ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ။ “မိုင်ဆုန်ခါ”

ပါတီစတင်တည်ထောင်ခဲ့သည့် ၁၉၈၈ ကတည်းက ရွေးကောက်ပွဲအသီးသီး၌ အသုံးပြုခဲ့သည့် SNLD ၏ ပါတီသီချင်း

အားမာန်မပျောက်စေနဲ့

V1, ရှမ်းအမျိုးသားအရေး ရှမ်းပြည်အရေး ဘယ်သူ့ကိုတာဝန်ပေးမလဲ ရှမ်းတို့ရဲ့ အားမာန် ချည့်နဲ့ ကုန်ခန်းမလို ဖြစ်နေတာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ။

အမျိုးမပျောက်စေနဲ့လေ ရှမ်းအမျိုးကြီးထွားပါစေ ဆန္ဒရှိပေ

မပျက်သုဉ်းစေနဲ့လေ တို့အားမာန်တွေ

စည်းလုံးညီညွတ်စွာ အလင်းပေးကြပါ

V2. ရှမ်းလူထုနဲ့ ရှမ်းမျိုးနွယ်အတွက်နဲ့ တို့တွေအားမပျက်ကြပါနဲ့ မျိုးရိုးတွေပျောက် ဆင်းရဲတွင်းထဲရောက်တော့မှ ပိုပြီးရှက်စရာ ကောင်းမှာပေါ့ တို့ရှမ်းတွေ ၊ ပြည်ရွာအကျိုးအတွက် တာဝန်မပျက်စေနဲ့ဟေ့

တို့တတွေ စည်းလုံးကြပါစို့လေ ကျားမျိုးနွယ် တို့ရှမ်းတွေ တကွဲတပြားစီ မဖြစ်ကြေးနော် ရှမ်းအနာဂတ် ထွန်းလင်းတောက်ပဖို့ ဆက်ကြိုးစားကြစို့လေ