ရွာငံ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုက်ခွင့်ဒေသ၊ ရွာငံမြို့နယ်ရှိ ဟံမြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းပေါ်ရှိ လမ်း၊ တံတား ဆောင်ရွက်ပြုပြင်မှုကို ယနေ့မွန်းလွဲ (၂)နာရီခန့် က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် ညွန်ကြားရေးမှူး ဦးထင်ကျော်အေးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟံမြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်း ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ငွေလုံး၊ ငွေရင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနနှင့် Jica ကုမ္ပဏီတို့ ပူးပေါင်း၍ လမ်းအနိမ့်အမြင့်ညှိရေ ပိတ်လွှာ လောင်းခြင်း၊ လမ်းတာဘောင်ချဲ့ခြင်းနှင့် တည်ဆောက်ခြင်း၊ ကျောက်တောင်မိုင်းခွဲလမ်းချဲ့ခြင်း၊ ၅၀´ပေအောက် သံကွန်ကူရစ် တံတား တိုးချဲ့တည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်းနှင့် ရေမြောင်းပုံတည်ဆောက်ခြင်း လုပ်ငန်းများကို ရှင်းလင်းဆောင် ခန်းမ၌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ရှင်းလင်းရာ ပြည်နယ်ဝန် ကြီးချုပ် က လိုအပ်သည်များ မှာကြားခဲ့ကြောင်းနှင့် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေး အတွက် ကာကွယ်နိုင်ရန် လုပ်ငန်းခွင်၌ mask များ တပ်ဆင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)