Skip to main content

မင်းလှမြို့နယ်တွင်ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင် ရေး အထူး ရဲ(၁၂၀)ဦးခန့်အပ်သွားမည်

အထက်မင်းလှ  စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ ၈  ရက် နေ့တွင် ကျင်းပပြုလုပ်မည့်တီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒ ရှင်ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက်  မဲရုံလုံခြုံရေးတာဝန်ထမ်း ဆောင်ရန် အထူးရဲ(၁၂၀)ဦးခန့်အပ်သွားမည်ဖြစ်သည်။

မင်းလှမြို့နယ်၌ရပ်ကွက်/ကျေးရွာအုပ်စု(၆၉)အုပ်စုတွင် မဲရုံပေါင်း(၁၂၀)ရုံလျာထားပြီး မဲရုံလုံ ခြုံရေးအတွက်အထူးရဲ(၁၂၀)ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ၊အထူးရဲများအနေဖြင့် သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့်ပူးပေါင်းပြီး ပြည်သူများလုံ ခြုံစိတ် ချစွာမဲပေးနိုင်ရေးအတွက်မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်ရန်ဖြစ်ပြီး၊နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲမပေးနိုင်အောင် နှောက်ယှက်ဟန့်တား မှုများမဖြစ်ပေါ်စေရန်၊ မဲရုံပရဝုဏ်နှင့်ကိုက်  ၅၀၀ အတွင်း အသံချဲ့ စက်များဆူညံ စွာဖွင့်လှစ်မှု မရှိစေရန်၊မူးယစ်သောက်စားရမ်းကားမှုများမဖြစ်ပေါ်စေရန်အတွက်ရပ်ကွက်/ကျေးရွာများအတွင်းလှည့်ကင်း၊ရပ်ကင်း၊ဝပ်ကင်းများဖြင့်  လုံခြုံရေးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့်အဆိုပါ အထူးရဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၁  ရက်န့မှ နိုဝင်ဘာ  ၁၅  ရက်န့အထိ ရက် ပေါင်း ၆၄  ရက်ခန့်အပ်တာဝန် ပေးမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဇာဇာ(အထက်မင်းလှ)