စလင်း စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များလုံခြုံ စိတ်ချစွာမဲ ပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ ၂၇၉ ဦးခန့်အပ် တာဝန် ပေးအသုံးပြုသွားမည်ဖြစ်သည်။
စလင်းမြို့နယ်တွင် ရပ်ကွက်(၈)ရပ်ကွက်နှင့် ဆင်ဖြူကျွန်းမြို့တွင် ရပ်ကွက်(၃)ရပ် ကွက်၊ ကျေးရွာအုပ်စု(၉၉)အုပ်စု၊ စုစုပေါင်း ရပ်ကွက်ကျေးရွာအုပ်စု(၁၁၀)ရှိရာ မဲဆန္ဒနယ် အမှတ်(၁)တွင် မဲရုံ(၅၅)ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင်(၅၅)ရုံရှိပြီး ကျေးရွာပေါင်း(၄၂၀)ရှိရာ မဲရုံပေါင်း(၂၇၉)ရုံအတွက် အထူးရဲ(၂၇၉)ဦးကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ပြည်သူများလုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်ရန်ဖြစ်ပြီး နယ်မြေရဲတပ်ဖွဲ့အနေနဲ့ ရွေးကောက်ပွဲ ကာလမှာ မဲဆန္ဒရှင်များ မဲမပေးနိုင်ရေး၊ ဟန့်တားမှုမဖြစ်ပေါ်စေရေး မဲရုံပရိဝုဏ်နှင့် ကိုက် (၅၀၀) အတွင်း အသံချဲ့စက်များ ဆူညံစွာမရှိစေရေး၊ မူးယစ်သောက် စားရမ်း ကားမှုများ မဖြစ်ပေါ် စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံအောင် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း စလင်းမြို့နယ်မြို့ယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဝင်းသန်း ထံမှသိရှိရ သည်။
အဆိုပါအထူးရဲများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ နိုဝင်ဘာ(၁၅)ရက်နေ့ ထိ ရက်ပေါင်း(၄၆)ရက် အထိ တာဝန်ပေးခန့်အပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
မောင်လွင်(ပြန်/ဆက်)