Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀)သို့ တက်ရောက်

မုံရွာ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀)ကို ယနေ့ နေ့လယ် (၂)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ မိမိတို့တိုင်းဒေသကြီးအတွင်း COVID-ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စပ်လျဉ်းပြီး ရှေ့လုပ်ငန်းများကို ဉ်ဆက်မပြတ် အထူးအလေးထားဆောင်ရွက်နိုင်အောင် လုပ်ငန်းကဏ္ဍများအလိုက် အားနည်းချက်၊ အားသာချက်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြစေကြောင်း လတ်တလောဖြစ်ပွားလျက်ရှိသော COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သောအစီအမံများနှင့် မူဝါဒများချမှတ်နိုင်ရေးကို အားလုံးကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြစေကြာင်း ” အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ မိမိတို့၏လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၏ အထွေထွေရှင်းလင်းဆွေးနွေးမှုများအပေါ် ခြုံငုံသုံးသပ်ပြီး လိုအပ်ချက်များအား တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်ပေးခဲ့ပြီး  တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နဲ့မြို့နယ်များတွင် ယခင်အတိုင်း COVID-19 ရောဂါမကူးစက် ရေးအတွက် Community Based Facility Quarantine Center စောင့်ကြည့်နေရာများ စနစ်တကျ ဆောင်ရွက်ထားရှိရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ချက်များနဲ့အညီ အမျိုးသား‌ရေး တာဝန်တစ်ရပ်အနေဖြင့် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ယဥ်ဆွေဝင်း(တိုင်းဒေသကြီး-ပြန်/ဆက်)