ဘားအံ ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့နံနက် ၇ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေ မှတ် ၇၅၀ စင်တီမီတာအထက် ၈၃၄ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေရာ ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေများဝင်ရောက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဘားအံမြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်လူနေအိမ်များ ရေဝင်ရောက်နေမှုနှင့် ရေဘေးစခန်းများတွင်ထားရှိနိုင်ရေး ယနေ့နံနက် (၈) နာရီက သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် ဆယ်အိမ်စုကျေးရွာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆယ်အိမ်စုကျေးရွာရှိ အိမ်ထောင်စုများအား ဆန်နှင့်စားရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး ပြောင်ရွေ့ရန်လိုအပ်သည့်အိမ်ထောင်စုများအား အမှတ် (၅) ရပ်ကွက်ရှိ ဆိုင်ကလုံးရှပ်တာနှင့် စိုက်ပျိုးရေးဂိုဒေါင်တို့တွင် ကိုဗစ် - ၁၉ ရောဂါ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ထာရှိပေးနိုင်ရေးသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)