Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  (၁၁) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင် ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး က ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသည့်အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆို တင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထားရယူအတည်ပြုသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ် ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာ သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော အမျိုးသားစာကြည့်တိုက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ဥပဒေကြမ်း၏ အပိုဒ် ၁၅ ခြေဆင်း၊ အပိုဒ်ခွဲ ()နှင့် ()တို့ကို အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က  လွှတ် တော်၏ သဘောထားရယူအတည်ပြုသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်ကဆုံး ဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးကြေ ညာသည်။

ဆက်လက်၍ ၂၀၂၀ - ၂၀၂၁ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပူးပေါင်း ကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါ မူနှင့်အခြေခံသဘောအကြောင်းအရာများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့်အခြေခံသဘောဆွေးနွေးခြင်းများအပေါ် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လမ်းဦးစီးဌာန အနေဖြင့် B.O.T မူဘောင်များ ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် လမ်းတည်ဆောက် ရေးရန်ပုံ ငွေအတွက် သွယ်ဝိုက်ခွန်ရရှိရေး အကောင်အထည်ဖော်သင့်ကြောင်း ထောက်ပြဆွေး နွေးခဲ့ခြင်းနှင့် ပတ်သက်၍ B.O.T ပဋိညာဉ်စာချုပ်အား နိုင်ငံတကာတွင် ကျင့်သုံးနေ သည့် စည်းကမ်းသတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပြီး ပြင်ဆင်ဖြည့်စွက်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြင်ဆင်ချက် (မူကြမ်း)ကိုလည်း ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီနှင့် အမျိုးသား လွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီတို့ထံ ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်ဆွေးနွေးမှုများ အရ ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းအဆင့်ဆင့် အတည်ပြုချက်ရရှိပါက လမ်း၊ တံတားအခွန်ရငွေနှင့် ပြင်ဆင် ထိန်းသိမ်းခြင်း အခွန်ရငွေများ တိုးလာမည် ဖြစ်ပါကြောင်း။

Fuel Tax ကောက်ပြီးဆောင်ရွက်ရန် ထောက်ပြအကြံပြုချက်နှင့် ပတ်သက်၍ ဂျပန် နိုင်ငံတွင် (၁၅ ရာခိုင်နှုန်း) အင်္ဂလန်နိုင်ငံတွင် (၂ဝရာခိုင်နှုန်း) အမေရိကန်နိုင်ငံ တွင် (၂ဝ ရာခိုင်နှုန်း) ကောက်ခံရငွေကို လမ်း၊ တံတား ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ စာရင်းသို့ တိုက်ရိုက်ထည့်ပြီး ဆောင်ရွက်ကြပါကြောင်း၊ မြန်မာနိုင်ငံတွင် Fuel Tax ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် Vehicle Tax ကို ကုန်းလမ်းပို့ဆောင်ရေးညွန်ကြား မှုဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ကောက်ခံပြီး နိုင်ငံဘဏ္ဍာရငွေ စာရင်းသို့ တိုက်ရိုက် ဝင်သွားခြင်းဖြစ်ပါ ကြောင်း။

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ အစီရင်ခံစာပါ သုံးသပ်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များကို အလေးထား လိုက်နာဆောင်ရွက် သွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေး ထောက်ပြမှုများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ နိုင်ငံတော်ဘဏ္ဍာငွေ ဘတ်ဂျက် ကျခံ သုံးစွဲမှုအပိုင်းတွင် အစိုးရအသုံးစရိတ် စုစုပေါင်း ပမာဏ၏  ( ဒသမ ၃၆ ရာခိုင်နှုန်း)သာ သုံးစွဲနိုင်ပါကြောင်း၊ ဒေသတွင်းနိုင်ငံအစိုးရများ၏ လယ်ယာကဏ္ဍအတွက် ကျခံသုံးစွဲမှုများ ကို လေ့လာကြည့်ပါက မလေးရှားနိုင်ငံတွင် ( ရခိုင်နှုန်း) ဖိလစ်ပိုင်နိုင်ငံတွင် ( ဒသမ ၁၇ ရာခိုင်နှုန်း) နှင့် ထိုင်းနိုင်ငံတွင် (၁၆ ဒသမ ၁၅ရာခိုင်နှုန်း) သုံးစွဲ ကြသည်ကို တွေ့မြင်ရပါ ကြောင်း၊ တစ်ဖက်တွင်လည်း လယ်ယာကုန်ထုတ်လုပ်မှု အပိုင်း၊ သီးနှံစိုက်ပျိုးထုတ် လုပ်ရေး၌ သော့ချက်တစ်ခုဖြစ်သည့် စိုက်ပျိုးရေရရှိရေးအပိုင်းတွင် ဘဏ္ဍာငွေသုံးစွဲနိုင်မှု အပေါ် အခြေခံ ပြီး ဆောင်ရွက်နေရသည့် အနေအထားဖြစ်သည့်အတွက် မိမိတို့နိုင်ငံတွင် စုစုပေါင်း အသားတင်စိုက်ပျိုး ဧရိယာ၏ (၁၄ရာခိုင်နှုန်း) ကိုသာစိုက်ပျိုးရေပေး ဝေဆောင်ရွက်နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ ယင်းပမာဏသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးပါကြောင်း။

ထို့အတူ လယ်ယာကဏ္ဍ တွင်စက်စွမ်းအား တိုးမြှင့်အသုံးချရေးနှင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးတို့တွင် လိုအပ်သည့် အဆင့်မီ ဓာတ်ခွဲခန်းနှင့် အသုံးအဆောင်ပစ္စည်းများ ဖြည့်တင်းရေးစသည့် လုပ်ငန်းများ သည်လည်း လယ်ယာကဏ္ဍအတွက် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါ ကြောင်း၊ ဘဏ္ဍာငွေ ချင့်ချိန်သုံးစွဲနေရမှုများကြောင့် အတိုင်းအတာ တစ်ရပ်အထိသာ ဖြည့်ဆည်းဆောင်ရွက်နိုင် သေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန် ဖြင့် ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေကြေး တိုးမြှင့်သုံးစွဲရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် လိုအပ်ချက် တစ်ရပ်ရှိနေသေးပါကြောင်း။

ထို့ပြင် လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး အလေးပေးဆောင်ရွက်ရန် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များအပေါ်တွင်လည်း အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍ တွင် တိုးတက်ရင်းနှီးမြှပ်နှံ ဆောင်ရွက်လာနိုင်မှုနှင့် အတူ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် လယ်ယာကဏ္ဍကြီး နှင့်ယင်း အပေါ် အမှီပြုနေကြသည့်ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

လျပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်ဝင်း က ဂျာမဏီနိုင်ငံ KfW ချေးငွေနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း တင်ပြသွားမည် ဖြစ်ပါကြောင်း၊  ယင်းချေးငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ လွိုင်လင်၊ လင်းခေးခရိုင်များအတွင်းရှိ ကျေးရွာ များ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ချေးငွေ ယူရို ၂၃ ဒသမ ၈၈၃ သန်းနှင့် ထောက်ပံ့ငွေ ဒသမ ၅၃၅ သန်း စုစုပေါင်း ယူရို ၃၀ ဒသမ ၄၁၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သည့် စီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်းကာလ အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိဖြစ်ပါကြောင်း၊ ဆောင်ရွက်မည့်လုပ်ငန်းများ မှာ ၆၆ ကေဗွီ ခွဲရုံ ()ရုံ (၈၀ အမ်ဗွီအေ) ၃၃ ကေဗွီ ခွဲရုံ ()ရုံ (၄၀ အမ်ဗွီအေ) ၃၃/ ဒသမ ကေဗွီ ထရန်စဖော်မာ ()လုံး၊ ( ဒသမ ၂၁ အမ်ဗွီအေ) ၁၁/ ဒသမ ကေဗွီ ထရန် စဖော်မာ (၄၇၃)လုံး (၄၅ ဒသမ အမ်ဗွီအေ) ၆၆ ကေဗွီ လိုင်း(၅၈ ဒသမ )မိုင်၊ ၃၃ ကေဗွီ လိုင်း (၂၂ ဒသမ ၉၈)မိုင်၊ ၁၁ ကေဗွီ လိုင်း (၅၆၁ ဒသမ ၃၃)မိုင် တည်ဆောက်မည့် လုပ်ငန်းများဖြစ်ပါကြောင်း။

လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် လက်ရှိအချိန်တွင် Bidding Document ပြုစုခြင်း အတွက် ၉ဝရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ Concrete Pole ဝယ်ယူနိုင်ရန် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အတွင်း တင်ဒါစတင်ခေါ်ယူ သွားမည်ဖြစ်ပြီး ကျန် Package များအား ဆက်လက်တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စီမံကိန်း ကာလအတွင်း ပြီးစီး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အမျိုးသား စီမံကိန်းရေးဆွဲသည့် အချိန်တွင် ကမ္ဘာတစ်ဝန်းကြုံ တွေ့ရသည့်  COVID-19 ကပ်ရောဂါ  ဖြစ်ပေါ်နေမှု အခြေအနေကိုပါ ထည့်သွင်းတွက်ချက်ပြီး စီမံကိန်းကို ခန့်မှန်းရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID-19 အတွက် Economic Recovery Plan ကို လည်း ရေးဆွဲလျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းကို အတည်ပြုပြီးသည့်အခါ စီမံကိန်းအကောင် အထည်ဖော် မှုများအား သက်ဆိုင်ရာဌာနများသို့ ပေါင်းစပ်ညှိနှိုင်း၍ ကြပ်မတ်ကွပ်ကဲ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

အစီရင်ခံစာ တွင်ဖော်ပြထားသည့်  “၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အရ အသုံး ခန့်မှန်းခြေငွေစာရင်းတွင်ပြည်ပအကူအညီရငွေနှင့် ပြည်ပချေးငွေများ အပါအဝင် ရငွေ၊သုံးငွေ များကို ရည်မှန်းချက်အတိုင်း ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် ကြောင်း သဘောထားမှတ်ချက်နှင့် ပတ်သက်၍ ၂၀၂၀-၂၀၂၁၊ ဘဏ္ဍာရေးနှစ်တွင် COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် အသုံးစရိတ်များ ဆက်လက် သုံးစွဲရမည်ဖြစ်ပါ ကြောင်း၊ COVID-19 ကြောင့် လူမှုစီးပွားရေး ဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန် COVID-19 Economic Relief Plan (CERP) ကို ဆက်လက်အကောင်အထည် ဖော်ရမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) ချေးငွေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကို ရယူခဲ့ရာ ပထမ အရစ် အမေရိကန်ဒေါ်လာသန်း ၃၅၀ ကို ၂၀၂၀ ဇူလိုင်လက ရယူခဲ့ပြီး ၂၀၂၀-၂၀၂၁အတွင်းဒုတိယအရစ်ဆက်လက် ရယူရန် စီစဉ်ထားပါကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှချေးငွေဂျပန် ယန်း ဘီလီယံ ၃၀၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၅ဝ ရယူရေးတို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဖြစ်သဖြင့် အဆိုပါချေးငွေများ ကိုလည်း ၂၀၂၀-၂၀၂၁အတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ထုတ်ယူသုံးစွဲသွားနိုင် မည် ဖြစ်ပါကြောင်း။

 ဂျီ ၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ်အရ ၂၀၂၀-၂၀၂၁တွင် ကြွေးမြီပေးဆပ် ခွင့် ရွှေ့ဆိုင်းနိုင်သည့် ငွေကျပ် ၈၂ဘီလီယံခန့် ကိုသုံးစွဲနိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်စီမံကိန်း များမှလည်း အရေးပေါ်ကဏ္ဍသို့ လွှဲပြောင်းထုတ်ယူနိုင်မည့် ချေးငွေများကိုထုတ်ယူ သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ရငွေ၊သုံးငွေများကို ရည်မှန်း ချက်အတိုင်းပြည့်မီ အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့်  ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီတို့၏ သဘောထားမှတ်ချက်များ နှင့် လွှတ်တော်  ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းကိစ္စတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖုန်းမြတ်  တို့က ဆက်လက် ရှင်းလင်းဆွေးနွေးကြ သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ဩဂုတ် ၂၄ ရက် တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်