Skip to main content

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် ဝိပ္ပံဘာသာတွဲ၌ မြန်မာ တစ်နိုင်ငံလုံး စတုတ္ထရရှိသူ (၅)ဘာသာဂုဏ်ထူးရှင်‌ အား ဂုဏ်ပြုဆုချီးမြှင့်

အင်္ဂပူ  ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အ.ထ.က(ထူးကြီး)မှ ဝိပ္ပံဘာသာတွဲ၌ မြန်မာတစ်နိုင်ငံလုံး စတုတ္ထရရှိသူ (၅)ဘာသာဂုဏ်ထူးရှင်‌ မောင်အောင် ပြည့်စုံအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အ.ထ.က(ထူးကြီး) သပြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်မှ ဝိပ္ပံဘာသာတွဲ၌ မြန်မာတစ်နိုင်ငံလုံး စတုတ္ထရရှိသူ (၅)ဘာသာဂုဏ်ထူးရှင်‌ မောင်အောင်ပြည့်စုံအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် (၅)ဘာသာဂုဏ်ထူးရှင်‌ မောင်အောင်ပြည့်စုံက ကျေးဇူးစကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဝန်ကြီးများ၊ ဆုရကျောင်းသားနှင့် တာဝန်ရှိသူများက စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး‌၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ အဆင့်တာဝန်ရှိသူများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)