နေပြည်တော် သြဂုတ် ၂၀
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မြန်မာသတင်း မီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လမ်းညွှန်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်)၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌတို့က အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာသတင်းမီဒီယာ သမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လမ်းညွှန်စာအုပ် အုပ်ရေ (၁၀၀၀) ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ပေးအပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လမ်းညွှန်စာအုပ်ကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာသတင်းမီဒီယာ သမားများအနေဖြင့် သတင်းရယူရာ၌ အဆင်ပြေချောမွေ့စေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြုစုခဲ့ပြီး မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီက ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)