နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Department for International Development – DFID (UKaid) ၏ External Team of Election Experts ခေါင်းဆောင်ဖြစ်သူ Mr. Holly Ruthrauff နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသော စံ (၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများနှင့် ဆင့်ပွားသင်တန်းများ ဆောင်ရွက်နေမှု၊ ပထမအကြိမ် မဲပေးမည့် လူငယ်များအတွက် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမုန်းစကားများ၊ သတင်းအမှားများ တားဆီးကာကွယ်ရေးနှင့် သတင်းမှန်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု၊ နယ်စပ်ဒေသ တိုက်ပွဲရှောင်စခန်းများရှိ မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်ရရှိရေး ဆောင်ရွက်နေမှု၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ကြားသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်