Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံမြို့နယ်ရှိ သက်မွေးပညာသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာရှင်းလင်းမှုအား ကြည့်ရှုစစ်ဆေး

မုဒုံ    ဇန်နဝါရီ     ၂၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သက်မွေးပညာသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာအား ယမန်နေ့ညနေ၄နာရီခွဲက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက မြေနေရာ ရှင်းလင်းနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ သင်တန်းကျောင်းကို မုဒုံမြို့နယ်မြို့မ (၄) ရပ်ကွက်၊ ဂျုံးဂျုံးကျတောရကျောင်းလမ်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းပိုင်မြေနေရာ (၃၀) ဧကတွင် စုန်ရေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် ရာမညမေတ္တာ ဆောက် လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း၍ တာဝန်ယူဆောက်လုပ်မည့် စက်မှုသင်တန်းကျောင်းအတွက် မြေနေရာ ရှင်းလင်းနေမှု အခြေအနေတို့ကို ဝန်ကြီးချုပ်နှင့်အဖွဲ့တို့က ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ယူ ဆောက်လုပ်မည့် ကုမ္ပဏီတာဝန်ရှိသူများက မြေနေရာတိုင်းတာရှင်းလင်းပြီးစီးမှု အခြေအနေ များနှင့်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များကို ဝန်ကြီးချုပ်မှ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)