
နေပြည်တော် ဧပြီ ၇
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၏ ရုံးအဆောက်အအုံများ၊ ယာယီတဲတည်ဆောက်နေမှုများ၊ ဝန်ထမ်းများအတွက် နေရာချထားမှုနှင့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များ ဖြန့်ဝေပေးခြင်းများနှင့် လှူဒါန်းမှုများကို ယနေ့တွင် စနစ်တကျ လက်ခံခြင်းများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ဘဏ်လုပ်ငန်းစနစ်များအား Electronic Payment စနစ်များဖြင့်လည်းကောင်း ၊ နိုင်ငံခြားသုံးငွေကိစ္စများအား FX Platform များဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Off
Off